ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ကျရာဇာတ်ရုပ်မှာပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ်ခံပညာလည်းတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ဖိုက်တင်ခန်းတွေမှာဆိုလည်း အရမ်းမိုက်ပါတယ်နော်။မြန်မာပြည်မှာလာရောက်ရိုက်ကူးသွားတဲ့ Line Walker2 ဇာတ်ကားကြီးမှာလည်း မင်းရာဇာပါဝင်ထားတာဖြစ်ပြီး နောက်ထပ်လည်းဇာတ်ကားတွေအများကြီးကို ရိုက်ကူးနေပါတယ်။

Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook

မင်းရာဇာကတော့ ချစ်ဇနီးလေးကိုလည်းအရမ်းချစ်ပြီး ကြင်နာယုယကာ နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။မင်းရာဇာက သားသမီးနှစ်ယောက်ကိုလည်း အားတဲ့အချိန်တိုင်းမှာ အတူတူဆော့ကစားပေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အချိန်တွေကိုကုန်ဆုံးတာဖြစ်ပါတယ်။သမီးကြီးလေးကလည်း အရမ်းပဲချစ်စရာကောင်းသလို သားငယ်လေးကလည်း မင်းရာဇာနဲ့တူပါတယ်နော်။

Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook

မင်းရာဇာကတော့ သားနဲ့သမီးကို အရမ်းချစ်ပြီး ဖခင်ကောင်းပီသစွာနဲ့ အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းရာဇာက အားတဲ့အချိန်လေးမှာ"ကလောင်နှစ်ကေးနဲ့ ပက်ချာလည်"ဆိုပြီး သားသမီးနှစ်ယောက်ကို ပေါင်ပေါ်တင်ပြီး လည်လည်ထွက်နေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook
Photo Credit:Min Yar Zar's Facebook

Photo Credit:Min Yar Zar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။