"ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ပီတိဖြစ်မှု..." စတဲ့ ခံစားချက်အမျိုးမျိုးကို လူသားတိုင်းကြုံတွေ့ခံစားခဲ့ရတာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ စိတ်ခံစားချက်တွေထဲမှာ အထီးကျန်တဲ့ ခံစားချက်ကိုလည်း ကျွနု်ပ်တို့မကြာခဏဆိုသလို ခံစားတတ်ကြပါတယ်...။ ယေဘုယျအားဖြင့် တစ်ဦးတည်းသော သား၊ သမီးတွေ အများဆုံးဖြစ်လေ့ရှိပြီး မောင်နှမ၊ အပေါင်းအသင်း ခုံမင်တတ်ကြတာဖြစ်ပါတယ်...။ အထီးကျန်တဲ့ခံစားချက်ဆိုတာ ကလေးဘဝမှာ ဖြစ်လေ့၊ဖြစ်ထရှိသလို အသက်အရွယ်ရလာတဲ့အခါမှာလည်း မိသားစု၊ လူ့ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်လာပြီး စိတ်အားငယ် အထီးကျန်တာမျိုးတွေရှိပါတယ်...။

Photo Credit pngtree

ကလေးဘဝတုန်းက မွေးချင်းမရှိလို့ တစ်ယောက်ထဲ အထီးကျန်တဲ့ အခါမှာ ရွယ်တူ၊ အပေါင်းအသင်းတွေ အများအပြားရှိရာ ကလေးကစားကွင်းတို့၊ တိရစ္ဆာန်ဥယျာဉ်တို့ကို အဖေ၊ အမေ၊ မိဘနှစ်ပါးကလိုက်ပို့ပေးလေ့ရှိပါတယ်....။ ထိုကဲ့သို့ လိုက်ပို့ပေးခြင်းဖြင့် ရွယ်တူအပေါင်းအသင်းတွေနဲ့ ဆော့ကစားရတာကြောင့် ကလေးတွေရဲ့ စိတ်ထဲမှာ အထီးကျန်မှု အဆိုင်အခဲကြီးကို ပပျောက်သွားစေတာဖြစ်ပါတယ်...။ ဆယ်ကျော်သက်အရွယ်ဖြစ်လာတဲ့အချိန်မှာ အဆင်မပြေမှု အမျိုးမျိုးကြောင့် အထီးကျန်သလိုဖြစ်ပြီး နောက်ပိုင်း "depression" ဝင်တဲ့အထိပါဖြစ်နိုင်ပါတယ်...။

Photo Credit pngtree

ကျွန်ုပ်တို့ ရင်ထဲမှာ အထီးကျန်တဲ့စိတ်ခံစားချက် ဖြစ်လာပြီဆိုလျှင် ပထမဦးဆုံးလုပ်ရမှာက ကိုယ်နဲ့စိတ်ကို ပြောင်းလဲပေးရမှာဖြစ်ပါတယ်...။ လူတစ်ယောက် သမာဓိအားကောင်းဖို့ဆိုတာ ရုပ်ချည်းပဲလည်းမဟုတ်ပါဖူး၊ နာမ်ချည်းပဲလည်းမဟုတ်ပါဖူး "ရုပ် နဲ့ နာမ်" မျှတဆက်စပ်နေဖို့သာ အဓိက လိုအပ်တာဖြစ်ပါတယ်...။ ဒါကြောင့်မလို့ ပတ်ဝန်းကျင်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ သဟဇတမဖြစ်ပဲ ကိုယ်တစ်ယောက်ထဲ အထီးကျန်လာတဲ့အခါ၊ အသည်းကွဲတဲ့အခါတွေမှာ "Motivation" ဖြစ်စေမယ့် ဇာတ်ကားတွေ၊ ရယ်မောစေမယ့် "Comedy"ဇာတ်ကားတွေကို များများကြည့်ပေးတာမျိုး ဒါမှမဟုတ် လူနေမှုပုံစံကို ပြောင်းလဲနေထိုင်တာမျိုး လုပ်ပေးခြင်းဖြင့် အထီးကျန်မှုကို (ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု) အရ လျော့နည်းစေမှာဖြစ်ပါတယ်...။ "Meditation" တရားထိုင်တာကလည်း (စိတ်မတည်ငြိမ်တာတွေကနေ တည်ငြိမ်မှုကိုပြောင်းလဲပေးတာမလို့) စိတ်ရွှင်လန်း တက်ကြွလာကာ အထီးကျန်တဲ့ ခံစားချက်တွေကို "ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့" ရှင်းလင်းပပျောက်စေမှာ ဖြစ်ပါတယ်...။

Photo Credit pngtree

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။