မြန်မာ့လက်ဝှေ့လောကမှာ လူသိများ နည်းပြတစ်ဦးဖြစ်တဲ့ အဖြူရောင်သွေးသစ်ကလပ်နည်းပြဆရာတစ်ဦးဖြစ်တဲ့ ဆရာအောင်ပွဲမောင်ရဲ့ သေဆုံးမှုကတော့ လက်ဝှေ့လောကသားတွေအားလုံးကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ ထူးချွန်တဲ့ နည်းပြကောင်းတစ်ဦးဖြစ်ပြီး နာမည်ကြီး ဖိုက်တာများစွာကိုလည်း ရွေးထုတ်ပေးထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ဖိုက်တာတွေထဲမှာ One Championship (MMA ) လောကထဲကို ဝင်ရောက်ခဲ့တဲ့ ဖိုးသော်လည်း ပါဝင်ခဲ့ပါတယ်။  

PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT

ဖိုးသော်ကတော့ ဆရာအောင်ပွဲမောင်ရဲ့ တပည့်တစ်ဦးဖြစ်ပြီး မြန်မာ့လက်ဝှေ့ပညာတွေကို ဆရာထံမှ များစွာဆည်းပူးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာအောင်ပွဲမောင်သေဆုံးမှုနဲ့ပတ်သက်ပြီး ဖိုးသော်ကတော့ ဝမ်းနည်းမှုလေးတွေကို အမှတ်တရဗီဒီယိုဖိုင်တွေနဲ့တကွ ပြသထားပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်တွေထဲမှာ ဆရာထံမှာ နည်းပညာတွေကို သင်ယူခဲ့တဲ့ ဗီဒီယိုဖိုင်တွေဖြစ်ပြီး မြန်မာ့လက်ဝှေ့ရဲ့ အကောင်းဆုံး တိုက်ကွက်တွေကို လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။  

PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT

မြန်မာ့လက်ဝှေ့လောကရဲ့ အဖိုးတန်နည်းပြတစ်ဦးဖြစ်ပြီး ပြည်တွင်းနာမည်ကြီးအဖြူရောင်သွေးသစ်ကလပ်ရဲ့ အားထားရာဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဆရာဖြစ်သူနဲ့ပတ်သက်ပြီး ဖိုးသော်ကတော့ အမှတ်ဓာတ်ပုံဗီဒီယိုဖိုင်တွေနဲ့အတူ " ကျွန်တော့ ရင်ထဲမှာ ဆရာ နဲ့ ဆရာ့ရဲ့ ဆုံးမစကားတွေ အမြဲတမ်းရှိနေပါတယ်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ဆရာအောင်ပွဲမောင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး အတိတ်ကပုံရိပ်တွေနဲ့အတူ ပြသခဲ့တဲ့ ဖိုးသော်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးရင်း ဆရာကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

VIDE0 & PHOTO - PHOE THAW'S FB ACCOUNT

PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT
PHOTO - PHOE THAW'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။