photo crdit Sccc

အရင် Newbee အသင်းရဲ့ mid laner ကစားသမားဖြစ်သူ Sccc ကတော့ China အသင်းတစ်သင်းဖြစ်တဲ့ Team Aster ကိုပြောင်းရွှေ့သွားခဲ့ပြီလို့သိရပါတယ်။

Sccc အနေနဲ့ Ti 9 အပြီးမှာ pro ကစားသမားဘဝကနေ ခနအနားယူသွားမယ်လို့ ကြေညာပြီး သိပ်မကြာခင်မှာပင် Team Aster ကိုပြောင်းရွှေ့သွားပြီဆိုတာကို ထပ်မံကြေညာခဲ့တာပဲဖြစ်ပါတယ်။

Sccc ဟာ Newbee Young ကနေ 2016 ခုနှစ်မှာ Newbee မိန်းအသင်းကို ရောက်ရှိလာခဲ့တဲ့ player တစ်ဦးဖြစ်သလို ti 7 မှာပြသခဲ့တဲ့ သူ့ရဲ့ skill တွေကလည်း တကယ့်ကိုကောင်းမွန်ခဲ့တာပဲ ဖြစ်ပါတယ်။

ယခုပြောင်းရွှေ့သွားတဲ့ သူ့ရဲ့အသင်းသစ် Team Aster မှာဆိုရင်လည်း Sccc ဟာ Boboka , Q , XXs , ChYuen , Kamma တို့နဲ့အတူ တွဲဖက်ကစားသွားရမှာပဲဖြစ်ပါတယ်။

သို့ပေမယ့် Team Aster အနေနဲ့ ှSccc ရောက်ရှိလာတဲ့အတွက် ကစားသမားတစ်ယောက်နဲ့ လမ်းခွဲဖို့ရှိပေမယ့် အခုချိန်ထိတော့ တရားဝင်ကြေညာခြင်းမရှိသေးပါဘူး။

Source - Liquipedia

Orginal Link .........

https://liquipedia.net/dota2/Team_Aster

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။