မည်သူမဆို သစ္စာရှိတဲ့သူနဲ့ပဲ ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံလိုကြတာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ပတ်သက်ဆက်နွယ်နေရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ကနေ၊ ချစ်သူ၊ ရည်းစားအထိ သစ္စာရှိတဲ့သူနဲ့ပဲ မိမိဘဝကြီးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းချင်ကြတဲ့သူတွေချည်းပဲဖြစ်ပါတယ်...။ ထိုကဲ့သို့ စိတ်ချမ်းမြေ့သာယာစွာ ဖြတ်သန်းဖို့အတွက် မိတ်ဆွေ အစစ်အမှန်ကိုသိရဖို့ လိုအပ်မှာဖြစ်ပါတယ်...။ သူတို့သင့်အပေါ် ပြုမူဆက်ဆံတဲ့ အကျင့်လက္ခဏာတွေကိုကြည့်မယ်ဆို သိနိုင်ပါတယ်...။

Photo Credit pngtree

အပေါင်းအဖော်(ဒါမှမဟုတ်) လက်တွဲဖော်က သင်နဲ့ပတ်သက်သမျှ အရာအားလုံးကိုရိုးသားပွင့်လင်းတယ်ဆိုရင် တစ်ကယ် သစ္စာရှိတယ်လို့ ပြောလို့ရပါတယ်...။ သူတို့အမှားလုပ်ထားတယ်ဆိုရင်တောင် မလိမ်၊ မညာ၊ မကွယ်ဝှက်ပဲ အမှန်ကိုအမှန်အတိုင်း ပွင့်လင်းစွာ ဝန်ခံတတ်ကြသူတွေဖြစ်ပါတယ်...။ သင်နဲ့ပတ်သက်တဲ့ ဘယ်ကိစ္စမဆို ကြီးငယ်မရွေး ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ပြောကြားတာမလို့ အကယ်၍အမှားတစ်စုံတစ်ရာရှိ နေရင်တောင် ခွင့်လွှတ်ပေးချင်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာမှာဖြစ်ပါတယ်....။

Photo Credit pngtree

သစ္စာရှိသူတွေရဲ့ စိတ်ဓာတ်က အခုတစ်မျိုး၊ တော်ကြာတစ်မျိုးမပြောင်းလဲတတ်ကြပါဖူး....။ တစ်နည်းအားဖြင့် သင့်အပေါ်စစ်မှန်တဲ့သူတွေက သူတို့ရဲ့စိတ်ခံစားချက် အထွေထွေကို ရင်ထဲရှိတဲ့အတိုင်း ပွင့်လင်းစွာ ဖွင့်ဟတတ်ကြပါတယ်....။ နောက်ပြီး အထင်ရှားဆုံးအချက်လို့ပြောလို့ရတဲ့ "သဝန်တိုမနာလိုမှု"က သင့်အပေါ်မှာ လုံးဝမရှိတာပဲဖြစ်ပါတယ်...။ အထက်မှာဖော်ပြသွားခဲ့တဲ့ အကျင့်လက္ခဏာတွေနဲ့ ကိုက်ညီမှုရှိတဲ့ (လုပ်ဖော်ကိုင်ဖက်၊ ချစ်သူရည်းစား) မည်သူမဆို သင့်အပေါ်တစ်ကယ် သစ္စာရှိတယ်လို့ဆိုရမှာဖြစ်ပြီး...၊ သင့်ရဲ့ ဦးနှောက်အတွေးထဲမှာလည်း ထိုသူတွေပဲ အမြရှိနေတတ်ကြတာဖြစ်ပါတယ်....။

Photo Credit pngtree 

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။