ပိုင်တံခွန်ဟာ မြန်မာနိုင်ငံတွင်သာမကပဲ ပြည်ပနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့အားပေးဝန်းရံခြင်းကို ရရှိထားသူပါ။ ပြည်ပနိုင်ငံများရဲ့ မီဒီယာများတွင် ဖော်ပြခြင်းခံခဲ့ရသည်အထိ အောင်မြင်မှုတွေရရှိထားတာပါ။

ပိုင်တံခွန်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ကျော်ကြားလူကြိုက်များလာတဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာလည်း ပရိတ်သတ်တွေနဲ့တရင်းတနှီးရှိတာကြောင့် ပရိတ်သတ်တွေရင်ထဲက အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မင်းသမီးလေးပိုင်ဖြိုးသုနဲ့အတူ ပုဂံတွင်ကြော်ငြာရိုက်ကူးရေးလုပ်နေတာပါ။ 

လွန်ခဲ့တဲ့နာရီပိုင်းလောက်က ပိုင်တံခွန်ရဲ့Instagram Stories မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ရိုက်ကူးမှုတွေပြီးစီးသွားပြီဖြစ်တဲ့အတွက် ရန်ကုန်မြို့သို့ပြန်လာရန်အတွက်လေဆိပ်တွင် ရိုက်ကူးထားတဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source- Paing Takhon Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။