မျက်နှာချိုချိုလေးကြောင့် ပရိသတ်တွေအားလုံးကချစ်နေရတာကတော့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့သမီးချောလေး ရွှန်းရတီခိုင်ပဲ ဖြစ်ပါတယ်။ သမီးလေးဟာ တစ်နေ့ထက်တစ်နေ့ ခိုင်နှင်းဝေရဲ့ငယ်ရုပ်လေးတူနေတာကြောင့် အားလုံးကချစ်မဝဖြစ်နေတာပါ။ သမီးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း ခိုင်နှင်းဝေရဲ့လူမှုကွန်ယက်မှတစ်ဆင့် တင်ပေးလေ့ရှိပါတယ်။  

Photo Credit - Khine Hnin Wai's Facebook Account
Photo Credit - Khine Hnin Wai's Facebook Myday

ခိုင်နှင်းဝေဟာ အလုပ်တွေ မအားလပ်တဲ့ကြားက သမီးလေးကို အားလပ်ချိန်များတွင် အချိန်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သမီလေးရဲ့ ဗီဒီယိုလေးကို Facebook myday မှာ တင်ထားတာပါ။  

Photo Credit - Khine Hnin Wai's Facebook Myday
Photo Credit - Khine Hnin Wai's Facebook Myday

ဒီဗီဒီယိုလေးမှာတော့ မေမေလုပ်ခိုင်းတဲ့အတိုင်း အိုက်တင်လေးတွေ တသွေမသိမ်းလုပ်ပြနေတာပါ။ ခိုင်နှင်းဝေကတော့ သမီးလေးရဲ့အိုက်တင်လေးတွေကိုကြည့်ပြီး ချစ်မဝဖြစ်နေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Khine Hnin Wai's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။