ပရိသတ်ကြီးရေ အခုတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ တစ်ဖက်လူကို ကိုယ်တစ်ကယ်ချစ်မိနေပီဆိုတာ သိနိုင်မယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာ တစ်ယောက်ယောက်ကို ချစ်မိနေတာ မသိနိုင်ရင် ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီး စဉ်းစားကြည့်လို့ရပါတယ်နော်။

၁။ သူ့ရဲ့ လှုပ်ရှားမှုတွေ အပြုအမှုတွေအကုန်လုံးကို လိုက်ကြည့်နေတတ်မိပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ မသိစိတ်ထဲကို သူရောက်လာတဲ့အချိန်မှာ သူ့အကြောင်းကို ပိုသိချင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

Photo Source : Pngtree

၂။ တစ်ခါတစ်လေ ယောကျာ်းလေး ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်တစ်ဖတ်သတ်ချစ်ရသူရဲ့ facebook ကိုခဏ ခဏ ဝင်ကြည့်မိတတ်ပါတယ်။ ဒီလိုကြည့်မိတိုင်း သူ့ပို့စ်အောက်က comment တွေမှာ တစ်ခြားတစ်ယောက်နဲ့ ရင်းရင်းနှီးပြောနေတာတွေကိုတွေ့ရင် စိတ်ထဲ သဝန်တိုမိနေတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ပီးတော့မှ ကိုယ်နဲ့ ဘားမှ မဆိုင်ပါဘူးလေဆိုပီး တွေးမိရင် စိတ်မကောင်း ဖြစ်တတ်သွားတာမျိုးလေးတွေပါ။

Photo Source : Pngtree

၃။ ကိုယ်တစ်ဖတ်သက် ချစ်နေတဲ့သူနဲ့ စကားပြောနေတဲ့အခါ စာရိုက်နေရင်းနဲ့တောင် ကိုယ့်ရဲ့မျက်နှာလေးက ပြုံးပြုံးမိနေတာကို သတိထားမိမှာပါ။ တစ်ရက်လောက်စကားမပြောရင် ကိုယ့်စိတ်ထဲ ဟာတာတာကြီး ဖြစ်နေသလို ခံစားမိရင်တော့ သင်ဟာ တစ်ဖက်လူအပေါ် ချစ်မိနေပြီဆိုတာ အနည်းငယ် သိနိုင်နေပီပဲ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ အချက်ကလေးတွေထဲမှာမှ ကိုယ်ဖြစ်နေတာလေးနဲ့ တူနေမယ်ဆိုရင် တစ်ကယ်ချစ်နေလားဆိုတာ သေချာစဉ်းစားသင့်ပီလို့ အကြံပေးလိုက်ပါရစေနော်။..

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။