ကမ္ဘာမြေကြီးကနေ ယနေ့အချိန်အထိ တရားဝင် လွှတ်တင်ခဲ့ပြီးပြီ ဖြစ်တဲ့ ဂြိုလ်တုပေါင်း ၃၀၀၀ ကျော်ခန့်ရှိသွားပြီပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ သမိုင်းရဲ့ ပထမဦးဆုံးသော ဂြိုလ်တုကိုတော့ ၁၉၅၇ခုနှစ်မှာ ရုရှားနိုင်ငံက ပထမဦးဆုံး လွှတ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုဖော်ပြထားတာတွေဟာ ကျနော်တို့ ကမ္ဘာမြကြီးက နေ လွှတ်တင်ထားတဲ့ ဂြိုလ်တုများသာ ဖြစ်ပြီး ကျနော်တို့ ကမ္ဘာမြေကြီးကမဟုတ်တဲ့ ထူးဆန်းတဲ့ ဂြိုလ်တုလည်း ရှိနေပါတယ်။

Photo Credit : Once A Glance Page

ထိုဂြိုလ်တုကိုတော့ အမဲရောင် ဂြိုလ်တု ( Black Satellite ) လို့ ခေါ်ပြီး ဓားပုံစံ မျိုး ထိပ်ပိုင်းက ချွန်နေပါတယ်။ ဒီအမည်းရောင် ဂြိုလ်တုဟာ ကမ္ဘာမြေကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ ခန့်ကတည်းက ဝန်ရိုးစွန်း တစ်ခုမှ နောက်ဝန် ရိုးစွန်း တစ်ခုသို့ တိတ်တိတ် လေး လှည့်ပါတ် သွားလာနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကို စတင်သတိထားမိတာကတော့ နိုင်ငံတကာအာကာသ စခန်းမှ အာကာသ ယာဉ်မှူးများ ပဲ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

ဒါ့အပြင် ထို အမည်းရောင်ဂြိုလ်တုကနေ ခရမ်းရောင်မီးပန်း များလည်း ထွက်လာတတ်ပါသေးတယ်။ အဆိုပါ ဂြိုလ်တုဟာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ မပိုင်ဆိုင်တဲ့ ဂြိုလ်တုတစ်ခုဖြစ်ပြီး ဘယ်ကလာတဲ့ ဂြိုလ်တုမှန်းလည်း ယနေ့အချိန်အထိ အဖြေမထုတ်နိုင်ကြသေးပါဘူး ။ ပိုပြီး ထူးဆန်းတာက ဒီအမည်းရောင် ဂြိုလ်တု ကြီးဟာ ကမ္ဘာတစ်ခုလုံးကို ခြုံပြီး ထောက်လှမ်းနိုင်တဲ့ အချက်အချာနေရာကို ပဲ ဘာကြောင့်လှည့်ပတ်နေရလဲဆိုတာ အခုအချိန်အထိတော့ ကျွမ်းကျင်သူတွေ အတွက် မဖြေရှင်းနိုင်တဲ့ ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်နေပါတယ်။

Photo Credit : Once A Glance Page

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။