ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ Boy Band အဖြစ် ပရိသတ်တွေကြား ရေပန်းစားနေကြတဲ့ Project K အဖွဲ့ကလည်း အပါအဝင်ပါပဲ..။

တကယ်ကို Hamdsome ဖြစ်တဲ့ ယောကျာ်းလေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ဟာ အကတစ်မျိုးတည်းနဲ့ပဲ ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာခဲ့ကြပြီးနောက်ပိုင်း သီချင်းကောင်းလေးတွေနဲ့လည်း မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook

မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ Project K အဖွဲ့သားတွေကတော့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် အမြဲ ပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ပုဂံသွားခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ထပ်မံမျှဝေထားပါသေးတယ်..။

အဖွဲ့လိုက် အပန်းဖြေခရီးလေးသွားရင်း ပုဂံမြို့ရဲ့ မရိုးနိုင်လွန်းတဲ့ သဘာဝအလှတရားနဲ့ အမှတ်တရလေးတွေဖန်တီးကာ အဖွဲ့လိုက်ခွီခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေမှာပါနော်..။


Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook

တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် အခွီပို့စ်လေးတွေနဲ့ ဓာတ်ဖမ်းခဲ့ကြတဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကလည်း တကယ်ကို အမှတ်တရလေးတွေဖြစ်စေသလို တွေ့မြင်သူပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

ရုပ်ပြောင်လေးတွေ ရိုက်ကူးဓာတ်ဖမ်းထားကြတဲ့ Project K အဖွဲ့ရဲ့ သဘောကျစရာ အခွီဓာတ်ပုံလေးတွေကိုလည်း ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook
Photo Credit - Kan Su Ho’s Facebook

Photo Credit - Kan Su Ho’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။