ကဲ... ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ အစဉ်အလာကြီးမားတဲ့ မြန်မာ့ယဉ်ကျးမှုအမွေးအနှစ်ထဲက တစ်ခုဖြစ်ပါတဲ့ အလောင်းမင်းတရားခေါင်းလောင်းတော် အကြောင်းကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်နော်။ အားလုံးသိကြတဲ့အတိုင်းပဲ "အလောင်းမင်းတရားဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)ဟာ မုဆိုးဖိုရွာကို အခြေပြုကာ အရှေ့ဘက် ရှမ်း ပြည်နယ်၊ အနောက်ဘက် ရခိုင်ဒေသမပါ ချင်းပြည်နယ်၊မြောက်ဘက် ကချင်ပြည်နယ်၊တောင်ဘက် တနင်္သာရီ ကမ်းရိုးတန်းအဆုံး အထိ ကျယ် ပြန့်ခဲ့တဲ့ မြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့ပါတယ်နော်။စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့၊ရွှေချက်သိုစေတီမှာခေါင်းလောင်း နှစ်လုံးရှိရာ  အလောင်းမင်းတရား သွန်းလုပ်ခဲ့သည့် ခေါင်းလောင်း နဲ့ အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး မယ်ယွန်းစံ လှူဒါန်းခဲ့သည့် ခေါင်းလောင်းတို့ပဲဖြစ်ကြပါတယ်။

Photo source: မောင်သာ(ရှေးဟောင်းသုတေသန)

အလောင်းမင်းတရား ခေါင်းလောင်းရဲ့ ခါးစည်းအထက်မှာတော့ ခေါင်းလောင်းစာများကို မြန်မာဘာသာဖြင့် ရေးထိုးထားပြီး “ဇေယျတု၊တရာတပါးလူမျိုးများလည်းကျော်ကြားသတင်း စောရန်ခွင်ကို မညင်မဆန်ပုံကန်မဝန် စောင်မန်ညန်လျက် အလွှန်ပတ် ကုန်ဇမ္ဗူလုန်ကို ယူကြုန် ပိုင်တော်မူစေသော်ဝ်”(မူရင်းသတ်ပုံအတိုင်း) လို့ ဖတ်ရှုနိုင်ကြောင်းကိုကုန်းဘောင် ခေတ်လက်ရွေးစဉ် ခေါင်း လောင်းစာများ စာအုပ်တွင်ဖော်ပြထားကြပါတယ်။ ခေါင်းလောင်းခါးစည်းအောက်မှာ ခြင်္သေ့၊ကျား၊ဆင်နှင့် နဂါးရုပ်တွေပါရှိကာ ယင်းအရုပ်တွေရဲ့ပတ်လည်မှာ ဉုံစတုဒီသာ အစ ချီသော ဂါထာကို ရေးထိုးထားပါတယ်။ ခြင်္သေ့ရုပ် ဝမ်းပိုက်အောက်မှာ သုံးကွက်ပတ်လည် အင်းကွက်တစ်ခုရှိပြီးတော့ အင်းဆန် ဂါထာ ရေးသားထားပါတယ်။

Photo source: မောင်သာ(ရှေးဟောင်းသုတေသန)

အလောင်းမင်းတရားဟာ အတုလယသ မဟာ ဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆပ်တော်ရ အတုလဆရာတော် အရှင်ယသရဲ့ အကြံဉာဏ်တွေအတိုင်း တိုင်းရေးပြည်မှုများကို ဆောင်ရွက်ခဲ့ပြီး ခက်ခဲသော ကိစ္စများတွင်အောင်မြင်မှုများရရှိခဲ့ပါတယ်။ ထို့ကြောင့် အလောင်းမင်းတရားဟာမိမိရဲ့ ဘုန်းတန်ခိုးအာဏာ ကြီးထွားပြီးတော့ ရန်အပေါင်းကို အောင်နိုင်ရန် ရည်ရွယ်ကာ အတုလဆရာတော် ၏ ညွှန်ကြားမှုအတိုင်း ခေါင်းလောင်းကို သွန်းလုပ်ခဲ့တာဖြစ်နိုင်ကြောင်းကိုလည်း ဆရာကြီး ဦးစိန်မောင်ဦးက ကောက်ချက်ချခဲ့ပါသေးတယ်နော်။ ကဲ... အစဉ်အလာကြီးမားပြီး ခမ်းနားလှပလွန်းတဲ့ မြန်မာ့ယဉ်ကျေးမှုလက်ရာ အလောင်းမင်းတရားခေါင်းလောင်းတော်ကြီးအကြောင်းကို ချစ်ပရိတ်သတ်တွေအတွက် အခုလိုပဲမျှဝေပေးလိုက်ပါတယ်နော်။

Source  : မောင်သာ(ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။