၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲရဲ့ အဖွင့်မှာ မြန်မာက မွန်ဂိုလီးယားကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးပါတယ်။ ပထမပိုင်းမှာ မွန်ဂိုလီးယားက ၁လုံးတည်းသောအနိုင်ကို သွင်းယူနိုင်ခဲ့တာပဲဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ချေပ ဂိုးနဲ့ အနိုင်ဂိုးတွေကို မသွင်းယူနိုင်တာကြောင့် ရူံးနိမ့်သွားခဲ့တာပဲဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာအသင်းအနေနဲ့ အုပ်စုမှာ အင်အားအနည်းဆုံးဖြစ်တဲ့ မွန်ဂိုလီးယားကို ရှုံးသွားခဲ့တာကြောင့် အာရှ ဖလား ခြေစစ်ပွဲအောင်မယ့် အခွင့်အရေးနည်းသွားခဲ့တာပဲ ဖြစ်ပါတယ်။မြန်မအသင်းအနေနဲ့ နစ်နာစရာဖြစ်ခဲ့တာက မောင်မောင်လွင်တစ်ယောက် နှစ်ဝါတစ်နီနဲ့ ထုတ်ခံရတာပဲဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာအသင်းအနေနဲ့ ၂၀၁၁တုန်းကလည်း ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာဟာ ဒုတိယပွဲအဖြစ် နာမည်ကြီး ဂျပန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ဂျပန်အသင်းမှာ ဥရောပမှာကစားနေတဲ့ နာမည်ကျော်ကစားသမားတွေ များစွာပါဝင်လာတာပဲ ဖြစ်ပါတယ်။

source:MFF ' s Facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။