သရုပ်ဆောင်မင်းသမီးလေး နေခြည်ဦးကတော့ အချိန်တိုတွင်းမှာ အနုပညာလောကတွင် အောင်မြင်မှုတွေများစွာရရှိနေသူ တစ်ယောက်ပါ။ အဘက်ဘက်တွင် ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတစ်ဦးဖြစ်တာကြောင့်လည်း အားလုံးရဲ့ချီးကျူးမှုတွေ ရရှိထားတာပါ။ ချီချီဟာ Beauty Blogger ဘဝမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ 

Photo Credit- Amazing Grace Photography
Photo Credit- Nay Chi Oo Facebook Account

လတ်တလောမှာလည်း မင်းသား ဒေါင်းနဲ့ " ရိုဆယ်လာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပါ။ သူမရဲ့လက်ရှိအချစ်ရေးဟာလည်း တည်ငြိမ်နေပြီး အလုပ်ကိုပဲအာရုံစိုက်နေတာပါ။ မနေ့က ချီချီရဲ့ Facebook myday မှာလည်း ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ 

Photo Credit- Nay Chi Oo Facebook Account
Photo Credit- Nay Chi Oo Facebook Myday

ဒါကတော့ ရှုတင်ခဏနားချိန်လေးမှာ ကန်တော်ကြီးပန်းခြံထဲမှာကော်ဖီဆိုင်လေးမှာရှိတဲ့ ဌက်ကလေးနဲ့ဆော့ကစားနေတဲ့ ဗီဒီယိုလေးပါ။ ဒီဗီဒီယိုလေးမှာ " မိခိုင် " ဆိုတဲ့ ဌက်ကလေးက ချစ်တယ်ဆိုတဲ့ စကားလေးကြောင့် ချီချီတစ်ယောက်အံ့သြခဲ့ရတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Beautybynaychi Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။