ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် ဟိုးအရင်ချိန်ကတည်းကနေ အခုထိအောင်မြင်မှုတွေကိုထိန်းထားနိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင် သင်ဇာ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း ပိုပိုများပြားလာပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်နော်။သင်ဇာကလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး သူများနဲ့မတူတမူထူးခြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ရဲ့ စွဲမက်စရာအလှတွေကလည်း ပုရိသတွေကြားမှာအရမ်းရေပန်းစားပြီး ပွဲတစ်ပွဲတက်ရောက်လာတိုင်းမှာမရိုးနိုင်အောင်လှတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာအမြဲနေထိုင်ပြီး စိတ်ထားဖြူစင်ကာပေါင်းသင်းဆက်ဆံရေးလည်းကောင်းလို့ လူချစ်လူခင်ကလည်းအရမ်းပေါများပါတယ်။
အခုဆိုရင်လည်း သင်ဇာက အနုပညာမောင်နှမတွေနဲ့အတူတူ ခရီးထွက်နေပြီး အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သင်ဇာက အဆိုတော်ဝေလျှံရဲ့အမွှာသားလေးနှစ်ယောက်ကို အရမ်းချစ်နေပြီး"ကလေးမြင်ရင်ကိုအသဲတွေယားတာ ... မွေးဦးမှပဲ တယောက်လောက်တော့ ... အမွှေပေါ့ "ဆိုပြီး ကလေးတွေကိုအရမ်းချစ်တတ်တဲ့ အပျိုကြီးမမက အခုလိုပဲစနောက်ထားပါတယ်နော်။
Photo Credit:Thin Zar Wint Kyaw's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။