သရုပ်ဆောင်မင်းသမီးချော ခြူးလေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်လေးဖြစ်ပြီး ချစ်ခင်အားပေးသူပရိသတ်တွေ အများအပြားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံး သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ ခြူးလေးက ဇာတ်လမ်းတွဲလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခြူးလေးက ဇာတ်လမ်းတွဲအသစ်လေး ရိုက်ကူးနေသလို ပွဲအခမ်းအနားလေးတွေလည်း ဆက်တိုက်တက်ရောက်နေရပါတယ်။ ပရိသတ်တွေ ပျော်ရွှင်စေဖို့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိတဲ့ ခြူးလေးက အခုလည်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့ပါတယ်။ ခြူးလေးတို့သူငယ်ချင်းတစ်စုက ရိုက်ကူးရေးအားလပ်ချိန်လေးမှာ အပျော်တမ်း Tik Tok ဗီဒီယိုလေး ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးမှာတော့ ခြူးလေးနဲ့ သူငယ်ချင်းတစ်စုက ကကွက်ဆန်းလေးတွေကို အတူတူကနေရင်း ကကွက်တွေမညီဘဲ အလွဲလေးတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ခြူးလေးက "ဘယ်လိုတွေတောင်ညီတာ ညီတာဆိုတာ" ဆိုပြီး Tik Tok မှာတင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးတို့သူငယ်ချင်းတစ်စုရဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit-Chue Lay's Tik Tok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။