ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ချိန်တည်းကနေ ယနေ့အချိန်ထိ တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။နိုင်းနိုင်းကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိကို စွဲစွဲမြဲမြဲနဲ့ ချစ်ခင်နေကြတာပါနော်။နိုင်းနိုင်းကတော့ လူလတ်ပိုင်းအရွယ်ရောက်ရှိနေပြီး ခန့်ညားချောမောခြင်းတွေကတော့ အရင်ကထက်တောင်ပိုပြီးတည်ကြည်လာပါတယ်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

နိုင်းနိုင်းက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဇနီးနဲ့ကလေးလေးယောက်က နယူးယောက်မှာနေထိုင်ကြပါတယ်။နိုင်းနိုင်းကတော့ နယူးယောက်ကိုသွားလိုက်၊ မြန်မာပြည်ပြန်လိုက်နဲ့ပဲနေထိုင်ကာ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။နိုင်းနိုင်းက မိသားစုနဲ့အတူတူနေချိန်မှာ အကုန်လုံးကိုစိတ်ချမ်းသာအောင်ထားပြီး သားသမီးတွေနဲ့လည်း အတူတူဆော့ကစားပေးကာ ပျော်ပျော်ပါးပါးနဲ့ဖြတ်သန်းခဲ့ပါတယ်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

အခုဆိုရင်တော့ နိုင်းနိုင်းက"ကျွန်တော် ချစ်သော မိသားစုနဲ့ ခဏတာခွဲပြီး ရန်ကုန်ပြန်ပြီး အလုပ်လုပ်ရပါဦးမည်... ကျွန်တော်ချစ်သော အနုပညာ..ချစ်သောပရိတ်သတ်ကြီး အတွက်.. မိသားစုနှင့်တစ်လှည့်စီ အချိန်ပေးပြီး မိသားစု ဘဝလေးကိုဖြတ်သန်းရ ပါဦးမည်ဒီတစ်ခေါက် ကလေးတွေကို လေဆိပ်ကိုမခေါ်တော့ပါ။ သူတို့လေးတွေက ပြောတယ်...Daddy သူတို့ကိုထားပြီးထွက်သွားတာ မခံစားနိုင်လို့တဲ့..ကျွန်တော်လဲထပ်တူပါ...သူတို့ပြန်သွားကြည့်ပြီး မခံစားနိုင်လို့.. ဒီနှစ်ကစပြီးသူတို့လေးတွေကို လေဆိပ်ကို မခေါ်တော့တာပါ...သူတို့သိတတ်တဲ့အရွယ် ရောက်ကုန်ကြပြီလေ...'Daddy ပြန်လာခဲ့မယ်"ဆိုပြီး မြန်မာပြည်ကိုပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ခွဲခဲ့ရတဲ့အကြောင်းလေးကို ပြောပြထားပါတယ်နော်။

Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook
Photo Credit:Actor 99's Facebook

Photo Credit:Actor 99's Facebook

Video Credit:Actor 99's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။