ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ သရုပ်ဆောင်အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ အောင်မင်းခန့်၊ ကျော်ထက်ဇော် နဲ့ ပိုင်ဖြိုးသုတို့အပြင် အဆိုတော်မလေး အိမ့်ချစ်တို့ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေအသည်းကျော်လေးတွေဖြစ်ကြတဲ့ သူတို့ အနုပညာရှင်တစ်စုကတော့ လတ်တလောမှာ မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေကြပြီး အပန်းဖြေရင်း အုပ်စုလိုက် ပျော်နေကြပါတယ်နော်..။


Photo Credit - Eint Chit’s Facebook
Photo Credit - Eint Chit’s Facebook

အုပ်စုလိုက်ပျော်ရင်း အမှတ်တရရိုက်ကူးထားကြတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူတို့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ တစ်ဆင့် ပြန်လည်မျှဝေထားကြတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ အတူ ကစားရင်း ပျော်နေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေကို အလွမ်းပြေလေး မျှဝေထားပါသေးတယ်..။


Photo Credit - Eint Chit’s Facebook
Photo Credit - Paing Takhon’s Facebook

အမှတ်တရဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေမှာလည်း အုပ်စုလိုက် စနောက်ရင်း ပျော်နေကြတဲ့ သူတို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

ပရိသတ် အချစ်တော်လေးတွေရဲ့ ပျော်စရာ အပန်းဖြေပုံရိပ်လေးတွေနဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။