ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ အောင်မြင်မှုတွေနဲ့ ထိပ်တန်းက ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်..။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှုတွေအပြင် ခန္ဓာကိုယ်အချိုးအစားပြေပြီး ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အမိုက်စားဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြားအမြဲရေပန်းစားပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ခင်နေကြတာ ဖြစ်ပါတယ်..။


Photo Credit - Amazing Grace
Photo Credit - Amazing Grace

အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို အခုတစ်ခါမှာလည်း အမာခံချစ်ခင်အားပေးနေတဲ့ အသည်းကျော် ပရိသတ်တစ်ဦးကြောင့် ကြည်နူးပီတိလေးတွေနဲ့အတူ ပျော်နေပါတယ်နော်..။

နေမကောင်းလို့ ဆေးထိုးရမှာတောင်ကြောက်နေတဲ့ သူမရဲ့ပရိသတ်မိန်းကလေးတစ်ဦးဟာ သင်ဇာဝင့်ကျော်ဆိုပြီး လက်မှာ တတ်တူးထိုးလိုက်တာကြောင့် ကြည်နူးပီတိဖြစ်ရတဲ့ အကြောင်းလေး ပြောထားတာ ဖြစ်ပါတယ်..။


Photo Credit - Thin Zar Wint Kyaw's Facebook
Photo Credit - Amazing Grace

“နေမကောင်းလို့ ဆေးထိုးရမှာကြောက်တဲ့သူမ ကျမအတွက် TATTOO ထိုးပေးတာတွေ့ရတော့ အ

မ်းကိုအံ့သြ ဝမ်းသာမိပါတယ် ... ကျေးဇူးပါ ချစ်ညီမလေး..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ သူမရဲ့ကြည်နူးပီတိလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး သင်ဇာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အ၀ အခိုင်အမာရရှိထားပြီး ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်ရသူလေးပါပဲနော်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

Source - Thin Zar Wint Kyaw's Facebook

Photo Credit - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။