မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို အများဆုံးရရှိထားတဲ့ မင်းသားချောလေး ဟိန်းမင်းသူကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေတဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူက တေးသီချင်းလေးတွေနဲ့လည်း အောင်မြင်မှုရရှိနေသူပါ။ 

Photo Credit-Hein Min Thu's Facebook;
Photo Credit-Hein Min Thu's Facebook;

လတ်တလောမှာတော့ ဟိန်းမင်းသူတစ်ယောက် photo shooting လေးတွေရိုက်ကူးနေရသလို ထိုင်းနိုင်ငံ၊ဘန်ကောက်ကိုလည်း ရိုက်ကူးရေးတစ်ခုအတွက် သွားရောက်ခဲ့ရပါတယ်။ အခုတော့ ဟိန်းမင်းသူက သူအနေနဲ့ ယောက်ျားချင်းပေးစားခံနေရကြောင်း ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ဟိန်းမင်းသူက မန်နေဂျာနဲ့တောင် ပေးစားခံနေတဲ့သူ့အဖြစ်ကိုပြောပြရင်း ဂေးမဟုတ်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit-Hein Min Thu's Facebook;
Photo Credit-Hein Min Thu's Facebook;
Photo Credit-Hein Min Thu's Facebook;

ဟိန်းမင်းသူက "ကျွန်တော့် ဘဝက လဲ ယောက်ကျားချင်း မန်နေဂျာနဲ့တောင်ပေးစားခံရတဲ့ဘဝ ကျွန်တော်သာ သာ ဂေးဆို ပေါ်တင် Media နဲ့ဖွင့်ပြောမှာပါ စိတ်မပူနဲ့ ခုတော့ဒေါင်ဒေါင်မြည်ကြီးပါခင်ဗျ "ဆိုပြီး သူရဲ့ Facebook Acc မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်၊ သရုပ်ဆောင် ဟိန်းမင်းသူရဲ့ဖြေရှင်းချက်တွေကို အခုလိုပဲ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Source:Hein Min Thu's Facebook;

Photo Credit-Hein Min Thu's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။