ပရိသတ်ကြီးအတွက် ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ထူးထူးဆန်းဆန်း မြင်တွေ့ရခဲလှတဲ့ ကြွက်မြှီးထုံး တွေ အကြောင်းဖော်ပြပေးချင်ပါတယ်။ အဆိုပါ ကြွက် မြှီးထုံးအုံတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းငါးစုလောက်ကတည်းက စတင်တွေ့ရှိလာကြတာ ဖြစ်ပြီး ယနေ့အချိန်အထိ ယခုလို ကြွက်မြှီးထုံးပေါင်း ၆၀ ခန့်ရှိခဲ့တယ်လို့ မှတ်တမ်း မှတ်ရာတွေ အရ သိခဲ့ရပါတယ်။

Photo Credit : Pngtree

ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ Rat King လို့ ခေါ်တဲ့ ကြွက်ကြီးတွေဟာ သဘာဝရဲ့ အအေးဒဏ်ကြောင့်ပဲ ဖြစ်ဖြစ်အရမ်းကြောက်ရွံ့လာတဲ့ အခါပဲ ဖြစ်ဖြစ် တစ်ကောင်နဲ့ တစ်ကောင် တိုးဝှေ့လှုပ်ရှားနေရင်း သစ်စေးနဲ့ လုံးခဲထားတဲ့ ကော်လို ဖြစ်သွားပြီး အမြှီးတွေလုံးခဲ သွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလို လုံးသွားတဲ့ အခါမှာ ရုန်းကန်လေ အမြှီးတွေ က ပိုပီး ရှုပ်ထွေးလေ ဖြစ်ပြီး နောက်ဆုံးမှာတော့ အကုန်လုံး သေရတဲ့အထိ ဖြစ်သွားခဲ့ရပါတော့တယ်။

Photo Credit : Pngtree

ဒီလို ကြွက်တွေကို အအေးပိုတဲ့ ဒေသတွေနဲ့ ဥရောပတောင်ပိုင်းတွေ မှာ အတွေ့များပြီး တစ်ချို့သော အပူပိုင်းဒေသတွေမှာလည်း တွေ့ရတယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ကြွက်မြှီးထုံး တွေဖြစ်သွားရင် ထိုကြွက်လေးဟာ မသေခင်မှာ ပြင်းထန်တဲ့ဝေဒနာ ကို ခံစားရပြီးမှသာ သေသွားခဲ့ရရှာတာပဲ ဖြစ်ပါတယ်။ ယခုလို တွေ့မြင်ခဲလှတဲ့ ကြွက်မြှီးထုံးတွေကို ပြတိုက်တချို့မှာ ဗဟုသုတအဖြစ် ဆေးရည်စိမ်ပြီး ယနေ့အချိန်အထိ ပြသထားထားကြတာလည်း ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။