(၁) သက်တောင့်သက်သာလေးနဲ့ လှမယ့် အဝတ်မျိုးကိုသာရွေးဝတ်ပါ။

အချို့တွေက ကိုယ့်ရဲ့ကောင်လေးနဲ့ အပြင်မှာတွေ့ရတော့မယ်ဆိုရင် အရမ်းပြင်တတ်ကြတယ်။ လှချင်လို့ မိတ်ကပ်တွေအရမ်းပြင်မိတာတွေ အဝတ်အစားအကြပ်တွေ ဝတ်မိတာတွေကြောင့် ကိုယ့်ရဲ့ပင်ကိုယ်အလှဟာ မပေါ်လွင်တော့ပဲ နေရထိုင်ရတာလည်း အဆင်ပြေတာတွေလည်းကြုံ့တွေ့ရတတ်ပါတယ်။ ပြီးတော့ ယောက်ျားလေးအများစုကလည်း လိုတာထက်ပိုပြီး ပြင်ဆင်ထားတဲ့ မိန်းကလေးမျိုးတွေကိုမကြိုက်ကြပါဘူး။ ဒီတော့ သက်တောင့်သက်သာလေးလည်းဖြစ်မယ် ရိုးရိုးရှင်းရှင်းလေးနဲ့လည်းလှမယ်ဆိုတဲ့ အဝတ်အစားတွေကို ရွေးဝတ်ပြီးသွားပါ။ ဥပမာ ဂါဝန်လှလှလေးတို့ စကပ်မတိုမရှည်လေးတို့ မြန်မာဆန်ဆန်လေးတို့ ဝတ်သွားသင့်ပါတယ်နော်။

Photo Source: Pngtree

(၂) ဒေါက်ဖိနပ်စီးမသွားပါနဲ့။

သင်ဟာ ဒေါက်ဖိနပ်စီးရတာကြိုက်တဲ့သူတစ်ယောက်ဆိုရင်တောင် ဒေါက်ဖိနပ်ကို ပထမဆုံး First Dateမှာစီးမသွားသင့်ပါဘူး။ ပထမဆုံးDateဖြစ်တဲ့အတွက်သင့်ကောင်လေးဟာ အရပ်ပုလားရှည်လားဆိုတာသိဖို့ခက်ပါတယ်။ သူသာ သင်နဲ့level (သို့) အရပ်နည်းနည်းပုခဲ့မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူးနော်။ ဒါ့အပြင် သင်စီးသွားတာ ဒေါက်ဖိနပ်ဖြစ်တဲ့အတွက် နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်နေမှာတော့ မဟုတ်ပါဘူး။ တခုခုဆိုရင် သင်ပဲ အရှက်ရစရာဖြစ်လာနိုင်ပါတယ်။

Photo Source: Pngtree

(၃) စိတ်အရမ်းကြီး မလှုပ်ရှားပြပါနဲ့။

ပထမဆုံးDateမို့ ရင်ခုန်နေမယ်ဆိုတာတော့ လက်ခံပါတယ်။ ဒါပေမယ့် စိတ်တော့ အရမ်းကြီးမလှုပ်ရှားမိပါစေနဲ့။ ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်အောင်လုပ်ပါ။ မဟုတ်ရင် အယောင်ယောင်အမှားမှားနဲ့ ကသောင်းကနင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကောင်လေးရှေ့မှာ စိတ်ပျက်စရာကောင်းလောက်တဲ့အမူအရာတွေကလည်း ဒီလိုစိတ်လှုပ်ရှားမှုတွေကြောင့်ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သေချာဂရုစိုက်ဖို့လိုပါတယ်နော်။

Photo Source: Pngtree

(၄)စကားကိုပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလေးပြောပါ။

ရှက်တာက ရှက်လို့တော့ရပါတယ်။ ဒါပေမယ့် စကားတစ်လုံးနဲ့တစ်လုံးကို သေချာနားလိုက်စွင့်နေရရင်တော့ တစ်ဖက်သားအတွက်လည်း အဆင်မပြေသလို နှစ်ယောက်သားပြောနေတဲ့ စကားဝိုင်းလေးဟာလည်း ဘယ်လိုမှအနှစ်သာရရှိနိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ သူဟာသနှောပြီးပြောပြတဲ့စကားလေးတွေကို လိုက်ပါရယ်မောကာ နှစ်ယောက်သားတွေ့ဆုံမှုလေးကို အဓိပ္ပါယ်ရှိအောင်လုပ်ပေးဖို့လည်းလိုပါသေးတယ်နော်။ သူနဲ့လိုက်လျောညီထွေဖြစ်အောင်နေမယ် ချိုချိုသာသာနဲ့ ပွင့်ပွင့်လင်းလင်းစကားလေးတွေကိုပဲပြောမယ်ဆိုရင်တော့ ဘယ်လိုကောင်လေးမျိုးပဲဖြစ်ဖြစ် သေချာပေါက်ကိုယ့်ကို ကြွေမှာပါပဲ။

Photo Source: Pngtree

(၅) မေးခွန်းတွေအရမ်းမမေးပါနဲ့။

သူက အင်တာဗျူးလာဖြေတာမဟုတ်ပါဘူးနော်။ ကိုယ့်ချစ်သူလေးကိုအချိန်ပေးပြီးလာတွေ့တာပါ။ ဒီတော့ မေးခွန်းမေးချင်တယ်ဆိုရင်တောင် စကားပြောနေတဲ့ကြားထဲမှာ ညှပ်ညှပ်ပြီးမေးပါ။ တရစပ်ကြီးတစ်ခုပြီးတစ်ခုမေးတာမျိုးမလုပ်ပါနဲ့။ ပြီးရင် နှစ်ယောက်သား စသိတုန်းကအချိန်တွေကို ပြောပါ။ ပြီးရင် ဝါသနာပါရာလေးတွေကိုပြောပြီး အပြုံးလှလှလေးတွေကို သူ့ရင်ထဲရောက်အောင် များများပြုံးပေးလိုက်ပါ။ Heartတွေအရမ်းထိပြီး ကိုယ့်နားကနေမခွာချင်လောက်အောင်ဖြစ်သွားပါလိမ့်မယ်နော်။

ကဲ... ချစ်ပရိတ်သတ်တို့လည်း ကိုယ့်ရဲ့ ပထမဆုံးDateလေးမှာအဆင်ပြေကြပါစေနော်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။