ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ဟာဆိုရင် အနုပညာလောကမှာထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ချစ်ခင်ပွန်း အကယ်ဒမီပြေတီဦးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီကြပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံမှာ သမီးချောလေးရယ် ချစ်စရာကောင်းတဲ့သားသားလေးရယ်ရှိပြီး နွေးထွေးသာယာတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်သလို မိသားစုကိုလည်း လိုလေသေးမရှိအောင်ပြုစုပေးတဲ့အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး ပြေတီဦးကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေတက်ရောက်ကာ ရိုက်ကူးရေးတွေလည်းရှိပါတယ်။အခုဆိုရင်လည်း အိန္ဒြာကျော်ဇင်က"ဒီနေ့ မနက်က Borochi Air Condition_ Home ApplianceCo . Ltd ဖွင့်ပွဲလေးတက်ဖြစ်တယ်..."ဆိုပြီး အပျိုရှုံးအောင်လှပတဲ့ နုငယ်ပျိုမျစ်ခြင်းတွေကိုပေါ်လွင်အောင် မိုးပြာရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

Source:Eaindra Kyaw Zin's facebook/Photo Credit:Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။