ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တွေထဲမှာ သရုပ်ဆောင် လူရွှင် ဝက်မကလည်း အပါအဝင်ပါပဲ..။

ရယ်စရာ ဟာသပြက်လုံးတွေနဧ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေပြီး ကျရာဇာတ်ရုပ်တွေမှာလည်း ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါ..။

Photo Credit - က်မ Facebook
Photo Credit - ဝက်မ Facebook

လူရွှင်တော်ဝက်မကတော့ ဦးနှောသွေးကြောပေါက်လို့ လတ်တလောမှာ SSC ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်..။

လူရွှင်တော်ဝက်မရဲ့ ကျန်းမာရေးအခြေအနေလေးကိုတော့ သရုပ်ဆောင်လူရွှင်တော် ဦးကောင်းကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ လူရွှင်တော်ဝက်မအတွက် ဆုတောင်းစကားလေးနဲ့အတူ ပရိသတ်တွေကို အသိပေးပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - U Kaung Kyaw's Facebook
Photo Credit - U Kaung Kyaw's Facebook

"ရုပ်ရှင်နှင်ဗီဒီယိုဟာသ သရုပ်ဆောင်

ဝက်မ ဦးဏှောက်သွေးကြောပေါက်

ရောဂါဝေဒနာဖြင့် SSC ဆေးရုံကြီးတွင်

ဆေးဝါးကုသနေကြောင်းကြားသိရပါသည် အမြန်ဆုံးသက်သာပျောင်ကင်းပါစေဟု လူရွှင်တော်အသင်း(ရန်ကုန်)မှ အသင်းသားများမှ ဆုတောင်းမေတ္တာ များပို့ပေးနေပါသည် အမြန်ဆုံး သက်သာပျောက်ကင်းပါစေဗျာ.." ဆိုပြီး ဦးကောင်းကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ဝက်မအတွက် စိတ်ပူနေကြပြီး ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - U Kaung Kyaw's Facebook
Photo Credit -၊ ဝက်မ Facebook

Photo Credit - U Kaung Kyaw's Facebook၊ ဝက်မ Facebook

Source - U Kaung Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။