ပရိသတ်အချစ်တော်လေးဖြစ်တဲ့ အိစိကွေးကတော့ ကလေးဘဝကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့တဲ့ အိစိကွေးက လက်ရှိမှာတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit -Eisi Kway's FB;
Photo Credit -Eisi Kway's FB;

ဒီနေ့မှာတော့ အိစိကွေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အမေ့ကိုလက်ဆောင်ဝယ်ပေးခဲ့ကြောင်း တင်ထားတာ တွေ့ရပါတယ်။ အိစိကွေးက ''ဒီနေ့တော့ အမေ့အတွက် ကျွန်တော့ရဲ့ အနုပညာကြေးလေးနဲ့ စိန်နန်းတော်က နားဆွဲ လက်စွပ် ဆွဲကြိုး ရယ် D&C ကဖိနပ်လေးရယ် ဝယ်ပေးဖြစ်ပါတယ် ယုံယုံကြည်ကြည်နဲ့အလုပ်လာအပ်တဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ် အခုထိအားပေးနေကြတဲ့ ပရိသတ်တွေရောပေါ့ အားလုံးရဲ့ကျေးဇူးကြောင့် အခုလို အမေ့ကို ဝယ်ပေးနိင်လို့ ပီတိလည်းဖြစ်တယ် ကျေးဇူးလည်းအထူးတင်ပါတယ်

Photo Credit -Eisi Kway's FB;
Photo Credit -Eisi Kway's FB;
Photo Credit -Eisi Kway's FB;

အချိန်ပေးပြီးဆိုင်ထိလိုက်ရွေးပေးတဲ့အတွက်လည်း ကျေးဇူးပါ ဒီနေ့ကတော့ ကျွန်တော့အတွက် အပျော်ရဆုံးနဲ့အမှတ်တရအဖြစ်ဆုံးန့လေးပါ'' ဆိုပြီး သူရဲ့အပျော်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အမေ့ကိုရတနာတစ်ဆင်စာနဲ့ ဖိနပ်တစ်ရံလက်ဆောင်ဝယ်ပေးခဲ့တဲ့ အိစိကွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Eisi Kway's FB;

Photo Credit -Eisi Kway's FB;
Photo Credit -Eisi Kway's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။