အကယ်ဒမီခင်ဇာခြည်ကျော်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက သရုပ်ဆောင်ကောင်းခဲ့လို့ အသက်ငယ်ငယ်လေးနဲ့အကယ်ဒမီဆုတွေရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရပါတယ်။သူမနဲ့တူတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားပြီး Single morher အဖြစ် မားမားမတ်မတ်ရပ်တည်နေတာပါနော်။

Photo Credit:Khinzar Chi Kyaw Zar's facebook
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း မေမေ့သွေးအပြည့်ပါတာဖြစ်လို့ အနုပညာအလုပ်ကိုဝါသနာပါကြပါတယ်။သားကြီး ဘုန်းမင်းနေလဟာဆိုရင်လည်း ရွှေကြိုကနေတဆင့် အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး အခုလောလောဆယ်မှာတော့ ပြည်ပမှာပညာသင်ကြားနေတာဖြစ်ပါတယ်။သမီးငယ်လေး ထင်သစ္စာကတော့ ပညာရေးမှာလည်းကြိုးစားသလို အနုပညာအလုပ်ကိုလည်း နိုင်သလောက်လေးလုပ်ဆောင်နေပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

မေမေခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးကို အစွမ်းကုန်ပံ့ပိုးပေးပြီး သေချာဂရုစိုက်ပေးနေတာပါနော်။ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း အရမ်းချောကြပြီး ပရိသတ်တွေလည်းရရှိနေပါပြီ။အခုဆိုရင်တော့ ထင်သစ္စာလေးက အရမ်းကိုချစ်စရာကောင်းနေပြီး ဆယ်ကျော်သက်အရွယ်လှသွေးကြွယ်နေတဲ့အလှတရားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

Source:Khinzar Chi Kyaw Zar's facebook

Photo Credit:Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။