အဆိုတော်လင်းလင်းနဲ့အဆိုတော်သရုပ်ဆောင်ချစ်သုဝေတို့ကတော့ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သူတို့ရဲ့ရင်သွေးလေးတွေဖြစ်တဲ့ခေတ်နဲ့သစ်ကလည်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေရဲ့ချစ်ခြင်းကိုအပြည့်အဝရရှိထားကြတာပါ။

Photo Credit - Htwe Lynn Ko Facebook Account
Photo Credit- Chu Thu Wai’s Facebook Account

ခေတ်နဲ့သစ်လေးကလည်းချစ်ဖို့ကောင်းပြီးလိမ္မာတာကြောင့်ပရိသတ်တွေချစ်ရတဲ့သူတွေကချီးကျူးနေကြရတာပါ။ သမီးလေးတွေရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း လင်းလင်းနဲ့ချစ်သုဝေတို့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မကြာခဏတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း သမီးလေးတို့ရဲ့ဗီဒီယိုလေးကို မိတ်ကပ်မထက်က သူမရဲ့Instagram Myday မှာတင်ထားတာပါ။ 

Photo Credit- mahtet1 Instagram Stories
Photo Credit- mahtet1 Instagram Stories

ဒီဗီဒီယိုလေးကတော့ ခေတ်နဲ့သစ်တို့က ဖုန်းရဲ့ကင်မရာလေးကိုပြူးပြုးလေးကြည့်ကာ တစ်ယောက်နဲ့တစ်ယောက် ချစ်စရာကောင်းလောက်အောင် စကားတွေပြောနေကြတာပါ။ ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်တို့ရဲ့ Video လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Ma Htet1 Instagram Stories  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။