(၁)သန့်သန့်ပြန့်ပြန့်နေပါ။

ညစ်ပတ်တဲ့ယောက်ျားလေးတွေဆိုရင် ဘယ်မိန်းကလေးမှစိတ်ဝင်စားမှာမဟုတ်ပါဘူးနော်။ သူ့အကြောင်း ကိုယ့်အကြောင်းသိသွားတဲ့ Rsဘဝရောက်သွားရင်တော့ မပြောလိုပေမယ့် ကိုယ့်ရဲ့ Crushရှေ့မှာတော့သန့်နေဖို့လိုပါတယ်နော်။ တန်ဖိုးကြီးတာတွေဝတ်စားပြင်ဆင်ထားမှ မိန်းကလေးတွေကြိုက်တယ်ဆိုတာမျိုး ဒီဘက်ခေတ်မှာမရှိပါဘူး။ ကိုယ်သာသန့်သန့်လေးနေရင် Crushရဲ့အာရုံစိုက်မှုတွေ အကြည့်တွေက ကိုယ့်အနားကခွာမှာမဟုတ်ပါဘူး။

Photo Source: Pngtree

(၂)ကိုယ်တိုင်းနဲ့ချုပ်ထားတဲ့ အဝတ်အစား(သို့) ကိုယ်နဲ့အနေတော်ဖြစ်တဲ့ အဝတ်အစား။

ကိုယ့်ကောင်မလေး မျက်စိထဲမှာ စမတ်ကျနေဖို့လိုပါတယ်။ သန့်သန့်ပြန့်ပြန့်အဖြူရောင်လက်ရှည်လေးတော့ဝတ်ပါရဲ့ ကိုယ်နဲ့မတော်ဘဲပွနေတာမျိုးတွေ ကြပ်နေတာမျိုးတွေဝတ်ရင် ဘယ်လိုပဲတောက်တောက်ပြောင်ပြောင်ဝတ်ဝတ် အဖိုးကြီးပုံစံနဲ့လို့သတ်မှတ်ခံရမှာသေချာပါတယ်။ ဒီတော့ ကိုယ်တိုင်းနဲ့ချုပ်ထားတာမျိုး ဒါမှမဟုတ် ကိုယ်နဲ့Fix ဖြစ်မယ်ဟာမျိုးလေးတွေရွေးဝတ်စေချင်ပါတယ်နော်။ကျောင်းသားဆိုရင်တော့ ယောပုဆိုးလေးနဲ့ လည်ကတုံးအင်္ကျီအဖြူသန့်သန့်လေးက မိန်းကလေးတွေအကြွေဆုံးစတိုင်ဆိုတာကို ထပ်လောင်းပြောပြလိုက်ပါရစေနော်။

Photo Source: Pngtree

(၃)ခေါင်းသေချာ သပ်သပ်ရပ်ရပ်ဖြီးပါ။

ဘီးရာကြီးပေါ်လွင်နေအောင် ဖီးတာမျိုးမဟုတ်ဘဲ ခေါင်လိမ်းဆီ(သို့) ဂျယ်လ် ကို လက်ထဲမှာပွတ်ပြီး လက်နဲ့ သေေဥပ်သပ်လေးသပ်ခိုင်းတာပါ။ ဖီးဆိုတိုင်း ဘီးရာကြီး တွေအထင်းသားနဲ့ ပုံတုံးကြီးတွေဖီးသွားရင် တောသားလို့အပြောခံရမှာသေချာပါတယ်။ ဒီတော့ ကိုယ့်ဆံပင်လေးကို ဖွာလန်မနေစေဘဲ အနည်းဆုံတော့ ဆီလေးပါးပါးနဲ့နဲ့ သေေဥပ်သပ်ပြင်စေချင်ပါတယ်နော်။

Photo Source: Pngtree

(၄) ယုံကြည်မှုရှိရှိပုံစံနဲ့နေထိုင်ပါ။

အပေါ်ကအချက်တွေကို သေချာလုပ်လာခဲ့မယ်ဆိုရင် ကိုယ့်crushရဲ့အာရုံစိုက်မှုတွေကိုရပြီးသားဖြစ်နေမှာပါ။ ဒီတော့ နောက်တစ်ဆင့်အနေနဲ့ စကားပြောတဲ့အခါမှာ ဘယ်သူနဲ့ပဲပြောပြော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ပုံစံနဲ့ စားကို ပြေပြေပြစ်ပြစ်ပြောပါ။ စကားလည်း အရမ်းကြီးမပြောမိဖို့တော့လိုပါတယ်။ လမ်းလျှောက်ရင်လည်း ယုံကြည်မှုရှိရှိပုံစံနဲ့လျှောက်ပါ။ လက်ပြင်ကြီးကုန်းပြီးတော့ မလျှောက်ပါနဲ့။ စမတ်ကျကျနေထိုင်ပြောဆိုပါ။

Photo Source: Pngtree

(၅) အားကစားတစ်ခုခုလုပ်ပါ။

မိန်းကလေးတွေဟာ အနုပညာသမား ဒါမှမဟုတ် အားကစားသမားတွေကို သဘောကျတတ်ပါတယ်နော်။ တကယ့်Professional အားကစားသမားတစ်ယောက်မဟုတ်ရင်တောင် အားကစားလုပ်တဲ့ ယောက်ျားလေးတွေကို စိတ်ဝင်စားတတ်ကြပါတယ်နော်။ ဒီဘက်ခေတ်မှာခေတ်စားလာတာကတော့ Gymတို့ ဘောလုံးကစားတာတို့ဖြစ်တဲ့အတွက် တစ်ခုခုတော့ ကစားသင့်ပါတယ်နော်။ ဒါကလည်း ခန္တာကိုယ်တောင့်တင်းသန်မာဖို့အတွက် အထောက်အကူပြုတာကြောင့် အားကစားလုပ်တဲ့သူတစ်ယောက်ဟာ ဘာဝတ်ဝတ်စမတ်ကျနေမှာအသေအချာပါပဲနော်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။