ကဲ... လိုတဲ့အချိန်မှာတော့ ကိုယ့်နားမှာကပ်ရပ်ကာ ရသမျှခွာယူတတ်ပြီးတော့ ကိုယ်အကူအညီလိုတဲ့အချိန်မှာတော့ မသိချင်ယောင်ဆောင်နေတတ်တဲ့ သူငယ်ချင်းတွေဆိုတာ လူတိုင်းနီးပါးမှာရှိတတ်ကြပါတယ်နော်။ ထို့အတူ ကိုယ့်မကောင်းကြောင်းတွေကိုနောက်ကွယ်ရောက်တာနဲ့ ကရားရေလွှတ်ဖောက်သည်ချပြီးပြောပြတတ်တဲ့ Fake Friend တွေလည်းရှိပါတယ်နော်။ ဒီလို လူမျိုးတွေဟာ စကားပြောလည်းအရမ်းကောင်းတော့ အဆက်အသွယ်ဖြတ်ဖို့မလွယ်တတ်ပါဘူး။ ဒီလိုဆိုရင်တော့ ဒီနည်းလမ်းတွေကိုအသုံးပြုကြည့်ပါနော်။

(၁) သူပေးထားခဲ့ဖူးတဲ့ ပစ္စည်းတွေကိုပြန်ပေးလိုက်ပါ။ သေးသေးလေးကအစပေါ့ ။ ဒါပေမယ့်အလိမ္မာသုံးပြီးပြန်ပေးတတ်ဖို့တော့လိုပါတယ်။ ဒီတိုင်းကြီး ရော့... အင့် နင်ဟာနင်ပြန်ယူ ငါနဲ့နင်နဲ့ သူငယ်ချင်းမလုပ်တော့ဘူး အဲ့လိုပြောလိုက်ရင် လူကြီးလူကောင်းမဆန်ရာလည်းကျတယ်။ ဒီတော့ အလိမ္မာလေးသုံးပြီး ကောင်းကောင်းမွန်မွန်ပဲ ပြန်ပေးလိုက်ပါ။

(၂) သူတို့ရှေ့မှာ စိတ်ညစ်ပြပါ။ ခနခနသာ ငြီးတွားပြလိုက်ပါ။ ငြီးစရာမရှိကြံဖန်ငြီးပြပါ။ အားပေးကောင်း အားပြန်ပေးနိုင်ပေမယ့် ပရိတ်သတ်တို့သိထားရမှာက အားပေးတိုင်းလည်း သူငယ်ချင်းအစစ်မဟုတ်ပါဘူး။ ပါးစပ်ဖျားလေးနဲ့တော့ လူတိုင်းပြောတတ်ပါတယ်။ လူတိုင်းမလုပ်နိုင်တာကို ကူညီပေးတာမျိုးမှ တကယ်သြူငယ်ချင်းအစစ်ပါနော်။ Fakeတွေဟာသူတို့ပြန်ပြီး အကူအညီပေးရမယ်ဆိုရင် အနားသိပ်ကပ်မလာရဲတော့ပါဘူး။ ဘာဖြစ်လို့လဲလည်းဆိုတော့ သူတို့ဟာ သာပေါင်းညာစားFakeစစ်စစ်ကြီးတွေဖြစ်နေလို့ပါပဲ။

(၃) တည်တည်တံ့တံ့နေပါ။ မျက်နှာသာတည်နေမယ်ဆိုရင် ဝင်ရောရဲမှာမဟုတ်ပါဘူး။ ဝင်ရောခဲ့ရင်လည်း စောနကပြောခဲ့တဲ့ အကွက်လေးတွေကို ပရိတ်သတ်တွေဉာဏ်ရှိသလိုရွှေ့လိုက်ပါ။ ထူးခြားလာမှာသေချာပါတယ်နော်။ ပြီးတော့ လူကြီးလူကောင်းဆန်ဆန် မလိုတဲ့ သူတွေကို ပထုတ်တဲ့နည်းလမ်းကောင်းပါပဲ။

(၄) အကူအညီတောင်းရင် ထပ်မပေးမိပါစေနဲ့။ တစ်ခါသေဖူးရင် ပြင်ဖို့တော့ နားလည်ရပါမယ်။ အကြောင်းတစ်ခုခုရှာပြီး လှလှပပငြင်း ဆန်လိုက်ပါ။ နှစ်ခါသုံးခါလောက်တော့ အားနာစရာကောင်းလောက်အောင် ငြင်းရတယ်ဆိုပေမယ့် ကိုယ့်ဘဝအတွက် မလိုတာတွေကို မလိုသလိုထားခဲ့ရမယ်ဆိုတာသိရပါမယ်။ ကို့်ဘဝအတွက်မရှိမဖြစ်ဟာ သူတို့မဟုတ်ပါဘူး။ ဒီတော့ မိတ်ဆွေအတုတွေနဲ့ စာမေးပွဲလာလာစစ်နေတဲ့လောကကြီးကို ကိုယ်ကဘယ်လို လူမျိုးဆိုတာပြလိုက်ပါနော်။

ကဲ... အပေါ်ကအချက်လေးတွေဟာ လွယ်လည်းလွယ်သလို တစ်ချက်ချင်းဆီကတည်း စွမ်းအားကြီးပါတယ်နော်။ တစ်ချက်လောက်ပဲသေချာလုပ်မိမယ်ဆိုရင်တောင် မိတ်ဆွေတုတွေလစ်ကုန်မှာပါ။ ဒီတော့ ဘဝတိုးတက်ဖို့အတွက်အသုံးဝင်မယ့် နည်းလမ်းလေးတွေမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ချစ်ပရိတ်သတ်တို့ရေ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။