ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "ရုံးတက်ရတဲ့ နေ့တွေမှာ အိပ်ရာထ နောက်မကျအောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်...။ ရုံးတက်ရတဲ့ နေ့ပဲဖြစ်ဖြစ်၊ ရုံးပိတ်တဲ့ အားလပ်ရက် weekend မှာပဲဖြစ်ဖြစ် အိပ်ရာထ နောက်မကျပဲ ဝီရိယရှိဖို့ကတော့ တစ်ကယ်လိုအပ်ပါတယ်...။ "အချိန်နဲ့ ဒီရေသည် လူကိုမစောင့်" ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်းပဲဖြစ်ပါတယ်...။

photo credit pngtree

အခုခေတ်လူငယ်တွေက အင်တာနက်ခေတ်ကြီးဖြစ်တာမလို့ ညဘက်တွေဆို facebook သုံး၊ အခြား social network နဲ့ပဲ အချိန်ကုန်ပြီး ညဉ့်နက်သွားကျတာများပါတယ်..။ ဒါ့အပြင် အခြား tv ကြည့်တာတို့၊ game ဆော့တာတို့လည်းရှိကြပြီး အိပ်ချိန်က လူငယ်တွေအတွက် တစ်ကယ့်ကိုနည်းတာဖြစ်ပါတယ်...။ ညဘက်စောစော မအိပ်တတ်တဲ့ ဇီးကွက်လေးတွေက မနက်မိုးလင်းကျ မထနိုင်တော့ပဲ ရုံးတက်ရတဲ့ နေ့တွေဆို ရုံးချိန်မမှီဘဲ ဒဏ်ကြေးဆောင်ရတာမျိုးတွေလည်းရှိပါတယ်...။

photo credit pngtree

နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေရတဲ့ လူငယ်လူရွယ်တွေ၊ လုပ်ငန်းဆောင်တာတွေမှာ ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်နေရတဲ့ သူတွေအတွက် မိမိအိမ်သို့ ပြန်ရောက်ပြီဆိုရင် ကိုယ်ရော၊ စိတ်ရော နားဖို့လိုအပ်ပါတယ်...။ အဓိကအားဖြင့် အာရုံစိုက်ရတဲ့ မျက်လုံးနဲ့၊ ခေါင်းကိုအနားပေးရမှာဖြစ်ပါတယ်...။ လူငယ်တွေ အနေနဲ့ အိမ်ပြန်ရောက်လို့ နားတဲ့အချိန်လေးမှာ အခြား အာရုံစိုက်ရမှာတွေကို ကြည့်မယ့်အစား ကိုယ့်အတွက်အကျိုးရှိတဲ့ စာအုပ်၊ စာပေလေးကိုဖတ်ရှုခြင်းဖြင့်လည်း အပန်းဖြေအနားယူလို့ရပါတယ်နော်...။ ရုံးကပြန်ရင် ရတဲ့အချိန်လေးမှာ gym ဆော့တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရေချိုးခါနီးမှာ ကိုယ်လက်လေ့ကျင်းခန်ကိုအနည်းငယ်လောက် လုပ်ပေးခြင်းဖြင့်လည်း နှစ်ခြိုက်စွာ အိပ်ပျော်စေမှာဖြစ်ပြီး မနက်အိပ်ရာထနောက်ကျတဲ့ ဒဏ်ကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree 

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။