ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အကယ်ဒမီသုံးဆုပိုင်ရှင်ဖြစ်တဲ့ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာတော့ အိုက်တင်မျိုးစုံကို သဘာဝကျအောင်သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဖွေးစိန်လေးက အမြဲတမ်းဆန်းသစ်လှပတဲ့ ဖက်ရှင်တွေနဲ့ ပွဲလယ်တင့်နေတတ်တဲ့ ရွှေမင်းသမီးလေးလည်း ဖြစ်ပါတယ်။

Photo Credit -Amazing Grace Photography
Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB

လတ်တလောမှာတော့ ဖွေးစိန်လေးက ပွဲအခမ်းအနားတွေ အများဆုံးတက်ရောက်နေရတာ ဖြစ်ပါတယ်။ အစားတလိုင်းလေးဖြစ်တဲ့ ဖွေးစိန်လေးက မနေ့ကတော့ သူမရဲ့ပရိသတ်တွေကို သွားရည်ကျအောင် လုပ်နိုင်ခဲ့ပါတယ်။ ဖွေးစိန်လေးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အရသာရှိတဲ့အစားအသောက်တွေနဲ့ ပုံတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB

ဖွေးစိန်လေးက '' Only Keto Diet သမားများအတွက် Sharing is Caring '' ဆိုပြီး မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဖွယ်ဖွယ်ရာရာနဲ့ တကယ့်ကို စားချင်စရာကောင်းတဲ့ အစားအသောက်တွေနဲ့အတူ ဖွေးစိန်လေးတစ်ယောက် ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Phway Phway 's FB

Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB
Photo Credit -Phway Phway 's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။