ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "အလုပ်ကရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျော့ရမလဲ" ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်...။ ကျွန်ုပ်တို့ ပထမဦးဆုံးအနေနဲ့ လုပ်ရမှာကတော့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ အရာရာအားလုံးကို အမှန်ကန်ဆုံးနည်းလမ်းနဲ့ဖြေရှင်းဖို့ပါပဲ...။ ထိုသို့ဖြေရှင်းတဲ့အခါမှာ ရင်ထဲကလာတဲ့ အပြုံးပန်းဆင်ထားဖို့တော့ မမေ့ပါနဲ့နော်...။

photo credit pngtree

မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖို့ကို အရေးကြီးတာဖြစ်ပါတယ်...။ ကိုယ့်ရဲ့ အလုပ်တွေ ချည်းပဲ အာရုံနှစ်ပြီးလုပ်နေလို့ မရပါဖူး...။ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့ မိမိနဲ့ ဆက်ဆံ ပေါင်းသင်းနေတဲ့သူတွေကို အချိန်အနည်းငယ်လောက်ပေးရမှာဖြစ်ပါတယ်...။ ဘဝဟာ တိုတောင်းလွန်းတာမလို့ အလုပ်တွေ၊ ပိုက်ဆံတွေနောက်လိုက်ရင်းနဲ့ပဲ ကိုယ့်ဘဝရဲ့ အချိန်တွေကိုမကုန်ဆုံးလိုက်ပါနဲ့ဦး...။ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အခိုက်အတန့်လေးကို ဖန်တီးကြရင်း ဘဝရဲ့မွန်းကြပ်မှုတွေကို ခဏတာ ဖြေလျော့လိုက်ပါနော်...။

photo credit pngtree

အလုပ်ကရတဲ့ စိတ်ဖိစီးမှုပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရတဲ့ စိတ်အနှောက့်အယှက်တွေပဲဖြစ်ဖြစ် အကောင်းဆုံး ဖြေလျော့ချတဲ့ နည်းလမ်းလေးက ဘာသာတရားလိုက်စား၊ ကိုင်းရှိုင်းတာပဲဖြစ်ပါတယ်...။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင်.....စတဲ့ ဘယ်သာသာဝင်မဆို မိမိတို့ဘာသာမှာပါရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ ကျမ်းဂန်၊ နည်းနာတွေကိုလိုက်နာမယ်၊ မှတ်ရှုရွတ်ဆိုရတာတွေကို တသွေမတိမ်း ပြုမူကျင့်ကြံမယ်ဆိုရင် စိတ်နှလုံးမှာ တည်ငြိမ်အေးချမ်းသွားပြီး အရာခပ်သိမ်း ဖြေလျော့ကင်းစင်သွားမှာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ အထက်မှာဖော်ပြသွားတဲ့ နည်းလမ်းလေးတွေက အလုပ်မှာရရှိလာတဲ့ စိတ်ဖိစီးမှုတွေအတွက် ဘယ်လိုဖြေလျော့ရမလဲဆိုတာကို အကြံဉာဏ်ပြုတင်ဆက်လိုက်ခြင်းသာဖြစ်ပါတယ်...။

photo credit pngtree 

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။