ဒီဘက်ခေတ်မင်းသမီးတွေ မော်ဒယ်တွေတော့ ထိုင်ငိုရတော့မယ်ထင်ပါတယ်။

၀ါရင့်သရုပ်ဆောင် မြတ်ကေသီအောင် ကတော့ ဥရောပခရီးစဉ်တွေထွက်ရင်း တကိုယ်တော် ခြေဆန့်ကာ အလည်လွန်နေပါတယ်။

အနုပညာလောကနဲ့ ကင်းကွာနေတာကြာပြီဖြစ်တဲ့ မြတ်ကေသီအောင် ရဲ့ ခံစားချက်စာလေးတွေနဲ့ သူမရဲ့ ဥရောပရောက် ဖက်ရှင်စတိုင်တွေက ပရိသတ်တွေကြား လူပြောများနေပါတယ်။

လက်တလောမှာတော့ ကမ်းခြေကို ရောက်နေပြန်တဲ့ မြတ်ကေသီအောင် ဟာ ဘောင်းဘီတိုလေးနဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို လန်းဆန်းနေဆဲပါပဲ။

ကမ်းခြေရောက်နေတုန်း သူ့ရဲ့ တစ်ယောက်သောသူကို လွမ်းနေတဲ့အကြောင်း အခုလို ဖေဘုတ်မှာ ရေးသားထားတာပါ။

Beach တွေရောက်တိုင်း သဲသောင်ပြင်ပေါ်မှာ သူ့နံမည်လေးရေး လွမ်းတယ်ဆိုတဲ့ စာလုံးလေးတွေနဲ့ ဓာတ်ပုံ အမြဲရိုက်တတ်ပေမဲ့.....ကိုယ်ဟာနံမည်ထုတ်ပြောပိုင်ခွင့််မရှိတဲ့သူပါ.??

သတင်းအရင်းမြစ် Myat Kthi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။