မြန်မာတစ်နိုင်ငံလုံးက အနုပညာရှင်တွေ စုံစုံလင်လင်ပါဝင်တဲ့ Royal Club Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၇) ရက်နဲ့ (၈) ရက်နေ့က မန္တလေးမြို့ရှိ မန္တလာသီရိကွင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဘောလုံးပြိုင်ပွဲကြီးမှာတော့ "Music FC, Movie FC, Model FC & Forever FC " ဆိုပြီး လေးသင်းပါဝင်တာဖြစ်ပြီး လေးသင်းပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation

ပထမနေ့ Model FC အသင်းနဲ့ Music FC အသင်းပွဲစဉ်မှာတော့ ပင်နယ်တီအဆုံးအဖြတ်ဖြင့် Model FC အသင်းကအနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ Movie FC အသင်းမှ တိုက်စစ်မှူး မိုးယံဇွန်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ Forever FC အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation

ဒုတိယနေ့ Forever FC အသင်းနဲ့ Music FC အသင်းတို့ပွဲစဉ်မှာတော့ ပင်နယ်တီအဆုံးအဖြတ်ဖြင့် Forever FC အသင်းက တတိယနေရာကို ရရှိသွားခဲ့ပြီး Movie FC နဲ့ Model FC အသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် Model FC အသင်းက ချန်ပီယံဆုရှင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အနုပညာရှင်ပေါင်းစုံလေးသင်းပတ်လည် ဘောလုံးပြိုင်ပွဲကြီးက ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါယ်နော်။

Source:Wai Minn Maung's FB

Photo Credit-7th Sense Creation

Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation
Photo Credit-7th Sense Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။