ပိုင်ဖြိုးသုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့ သူမကတော့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်တဲ့ အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

photo credit :(Aye Thaung) Paing Phyoe Thu 's facebook
photo credit :(Aye Thaung) Paing Phyoe Thu 's facebook

ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ အနပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေ ရရှိနေကြသလို ပရိသတ်တွေ လေးစားအားကျရပြီး ချစ်ခင်ရတဲ့ အနပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

photo credit :(Aye Thaung) Paing Phyoe Thu 's facebook
photo credit :(Aye Thaung) Paing Phyoe Thu 's facebook

ယခုမှာတော့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေပြီး အားကျစရာကောင်းလောက်အောင် ရိုဆန်နေခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ " 'မ‌အေးသောင်း'ကိုယ်တိုင် ရိုက်ပေးထားတဲ့ အRoတလိုင်း ပုံလေးတွေ " ဆိုပြီး ချစ်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဏကြီးရဲ့ နူးညံ့နွေးထွေးတဲ့ ရင်ခွင်ထဲမှာ မှီခိုနေတဲ့ ခေးလေးပိုင်ဖြိုးသုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Paing Phyoe Thu 's facebook 

photo credit :(Aye Thaung) Paing Phyoe Thu 's facebook
photo credit :(Aye Thaung) Paing Phyoe Thu 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။