သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးချောလေးသုံးယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တဲ့ နန္ဒာလှိုင်က စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရသလို သမီးလေးသုံးယောက်ကိုလည်း မိခင်ဝတ္တရားမပျက် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook

Missha (Myanmar)ရဲ့တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်တဲ့ နန္ဒာလှိုင်က အခုဆိုရင် ဆိုင်ခွဲအသစ်တွေကို ထပ်မံဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၈)ရက်နေ့ကလည်း Missha (Myanmar)ရဲ့ဆိုင်ခွဲအသစ်ကို ရန်ကင်း ၁၂ လုံးတန်း(ပန်းတန်း)မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ နန္ဒာလှိုင်ရဲ့သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်က မေမေနဲ့အတူ အလှကုန်ပစ္စည်းလေးတွေကိုင်ပြီး ဈေးကူရောင်းပေးခဲ့ပါတယ်။

Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook

နန္ဒာလှိုင်က " မယ်ထွေးလေးဈေးရောင်းနေပါတယ် ဖွားဖွားတဲ့အဲဒီဆပ်ပြာနဲ့ ရေချိုးရင် အသားအရမ်းဖြူသွားမယ်တဲ့" ဆိုပြီး ဈေးကူရောင်းပေးနေတဲ့သမီးလေးရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဈေးရောင်းပေးမယ်ဆိုပြီး ရှိသမျှပစ္စည်းလေးတွေကိုင်ပြီး လိုက်ရောင်းနေတဲ့ နန္ဒာလှိုင်ရဲ့သမီးငယ်လေးကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆိုင်ခွဲအသစ်ဖွင့်မှာ အတူတူဈေးရောင်းရင်း ပျော်ရွှင်နေတဲ့ နန္ဒာလှိုင်တို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nandar Hlaing's Facebook

Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook
Photo Credit-Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။