Franco ဟာဆိုရင်တော့ Mobile Legends မှာ လက်မှတ်နဲ့ဝယ်ရတဲ့ Heroတွေထဲက အတန်ဆုံး Hero တစ်ယောက်ပါပဲ။ Tank အမျိုးအစားတစ်ကောင်ဖြစ်တာမို့ အသင်းအပေါ်ကို အများကြီး အထောက်အကူပြုပါတယ်။ ဘယ် Rank မှာပဲဖြစ်ဖြစ် ဆော့ကစားလို့ကောင်းတဲ့ Heroပါပဲ။ သင့်အနေနဲ့လဲ Franco ရဲ့ ချိတ်ဆွဲရတာကို ကြိုက်မယ်ထင်ပါတယ်။ 

Photo Credit: Screenshot From Mobile Legends : Bang Bang Game
Photo Credit: Screenshot From Mobile Legends : Bang Bang Game

Skill 1 ကတော့ သတ်မှတ်ထားတဲ့ Area အတွင်း ကိုယ်ပစ်ချင်ရာနေရာကို ဦးတည်ပြီး ချိတ်နဲ့ပစ်လိုက်တာပဲဖြစ်ပါတယ်။ ထိတဲ့သူကတော့ Physical Damageထိစေမှာဖြစ်ပြီး ကိုယ်ဆီပြန်ပါလာမှာဖြစ်ပါတယ်။ Skill 2 ကတော့ မြေကြီးကိုထုလိုက်တာဖြစ်ပြီး ရန်သူတွေကို ၁.၅စက္ကန့်အကြာ ၇၀ရာခိုင်နှုန်း နှေးစေမှာဖြစ်ပါတယ်။ Ultimate ကတော့ ရန်သူကိုချုပ်ပြီး ၆ချက် ခုတ်ထစ်တာပဲဖြစ်ကာ Physical Damage ထိစေပါတယ်။ 

Photo Credit: Screenshot From Mobile Legends : Bang Bang Game
Photo Credit: Screenshot From Mobile Legends : Bang Bang Game

Passive ကတော့ Franco ဟာ အချိန်ခဏအတွင်းမှာ ဘာ Damage မှမထိဘူးဆိုရင် ရွှေ့လျားနှုန်းက ၁၀ရာခိုင်နှုန်း မြန်စေမှာဖြစ်ပြီး လျော့သွားတဲ့ သွေးတွေကို ၁စက္ကန့်တိုင်းမှာ ၁ရာခိုင်နှုန်းဆီ ပြန်တက်နေမှာဖြစ်ပါတယ်။ Comboကတော့ Skill 1သုံး Ultimate သုံး Skill 2 သုံးပါ။ Battle ဝင်ရင်တော့ Tank ပိပိ ရှေ့ကနေအရင်သွားပြီး အကြမ်းဆုံးကောင်ကို ချိတ်နဲ့လှမ်းဆွဲ မရရင် Ultimate သုံးပြီး ချုပ်ကာ Team ကသူတွေသတ်ပါစေ။ Tank တစ်ယောက်အနေနဲ့ ဆော့လို့ကောင်းပါတယ်။ Item နဲ့ Emblem ကိုတော့အောက်မှာဖော်ပြထားပါတယ်။ 

Photo Credit: Screenshot From Mobile Legends : Bang Bang Game
Photo Credit: Screenshot From Mobile Legends : Bang Bang Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။