ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ယွန်းယွန်းကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ ပညာရေးဘက်မှာလည်း ထူးချွန်သူလေးဖြစ်သလို အားကစားနဲ့ ခရီးသွားခြင်းတွေကိုလည်း မကြာခဏပြုလုပ်တက်သူတစ်ယောက်ပဲဖြစ်ပါတယ်။  

Photos credit - Yoon Yoon's FB Acount
Photos credit - Yoon Yoon's FB Acount

ပညာရေးနဲ့ အနုပညာအလုပ်တွေကို ခွဲခြားထားသူတစ်ယောက်ဖြစ်သလို ဝါသနာပါရာတိုင်းကိုလည်း ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယွန်းယွန်းကတော့ မနေ့က ဧရာဝတီမြစ်မှာ သဘောၤစီးရင်း ပရိသတ်တွေကို အမှတ်တရဓာတ်ပုံနဲ့ လိုက်ပါစီးနင်းဖို့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။  

Photos credit - Yoon Yoon's FB Acount
Photos credit - Yoon Yoon's FB Acount

အဆိုပါ သဘောၤစီးရာမှာလည်း ယာဉ်မောင်းရာစက်အခန်းထဲအထိသွားရောက်ခဲ့ပြီး ကိုယ်တိုင်လေ့လာမောင်းနှင်မှုတွေပြုလုပ်ခဲ့တာကိုလည်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြသထားပါတယ်။ ယွန်းယွန်းကတော့ သူမချစ်ပရိသတ်တွေကို ဓာတ်ပုံတွေနဲ့အတူ " မသိဘူး.. သင်္ဘောတွေကိုယ်တိုင်တက်မောင်းနေပြီ!! စီးရဲရင် လိုက်ခဲ့ပါ " ဟူ၍လည်း ရေးသားထားတာတွေ့ရပါတယ်။ ကလေးဘဝကတည်းက ပရိသတ်တွေချစ်ခဲ့ရတဲ့ ယွန်းယွန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos credit - Yoon Yoon's FB Acount 

Photos credit - Yoon Yoon's FB Acount
Photos credit - Yoon Yoon's FB Acount

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။