စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ညီအစ်မလေးယောက်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ စိုးညီအစ်မတွေပဲ ဖြစ်ပါတယ်။ ကိုယ်စီကိုယ်စီ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနေကြတဲ့ စိုးညီအစ်မလေးယောက်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ သူမတို့ညီအစ်မလေးယောက်ကတော့ အနုပညာလောကမှာသာမက စီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်နေကြတာ ဖြစ်ပါတယ်။

Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook

သူမတို့ညီအစ်မလေးယောက်က "မင်းသမီး" ပိုးထည်တိုက်ဆိုတဲ့ ဆိုင်လေးကို ပူးပေါင်းဖွင့်လှစ်ထားကြပြီး စီးပွားရေးလုပ်ငန်းတွေ အတူတူလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ နာမည်ရနေပြီဖြစ်တဲ့ "မင်းသမီး" ပိုးထည်တိုက်ဆိုင်လေးမှာတော့ သူမတို့ညီအစ်မလေးယောက်က ပင်တိုင်မော်ဒယ်တွေလည်း ဖြစ်ကြပါတယ်။ အခုလည်း စိုးညီအစ်မလေးယောက်က သူမတို့ဆိုင်ကဝတ်စုံလေးတွေနဲ့ အလှပုံလေးတွေ ရိုက်ကူးခဲ့ကြပါတယ်။

Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook

မတူညီတဲ့အလှတစ်မျိုးစီကို ပိုင်ဆိုင်ထားတဲ့ စိုးညီအစ်မလေးယောက်ရဲ့ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်း ရင်ကိုအေးချမ်းသွားစေနိုင်လောက်အောင် ကျက်သရေရှိပြီး အလှတွေဖြာနေကြတာ ဖြစ်ပါတယ်။ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာကလည်း တည်ငြိမ်တဲ့အလှကိုယ်စီနဲ့ တင့်တယ်လှပနေကြသလို စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်ကလည်း ပျိုမျစ်နုနယ်တဲ့အလှတွေနဲ့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးညီအစ်မလေးယောက်ရဲ့မြန်မာဆန်ဆန် အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook 

Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook
Photo Credit-မင်းသမီး ပိုးထည်တိုက်'s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။