ပရိသတ်တွေကြားမှာ အပျိုကြီးမမတစ်ယောက်အဖြစ်ရေပန်းစားနေတဲ့ အေးဝတ်ရည်သောင်းကတော့ မအေးသောင်းဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုတဖန်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါတုန်းက ချစ်အစ်မကြီးနှင်းဝတ်ရည်သောင်းနဲ့အတူတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး အလှမယ်သရဖူတွေကိုလည်းဆောင်းခဲ့ပါတယ်နော်။အေးဝတ်ရည်သောင်းက တစ်ချိန်ကလည်း ပရိသတ်တွေအသိအမှတ်ပြုကြသလို ယခုချိန်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတာဖြစ်ပါတယ်။

Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl

ပရိသတ်တွေကတော့ ချစ်စနိုးလေးနဲ့မအေးသောင်းလို့ခေါ်ကြပြီး အသက်၃၀ကျော်အရွယ်မှာတောင် နုငယ်ပျိုမျစ်လွန်းတဲ့အလှအပတွေကို ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။မအေးသောင်းကတော့ ၂၀၁၇ခုနှစ်မှာ အနုပညာလောကထဲပြန်လည်ခြေချခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများအပြားရိုက်ကူးခဲ့ပါတယ်။မအေးသောင်းပါဝင်ထားတဲ့ "မုန်းစွဲ"ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း အရမ်းရေပန်းစားခဲ့ပြီး မလျော့သွားတဲ့မအေးသောင်းရဲ့အိုင်တင်တွေကြောင့် ပရိသတ်တွေကတောင် အကယ်ဒမီမှန်းပေးခဲ့ကြပါသေးတယ်နော်။

Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl

မအေးသောင်းကတော့ စိတ်ထားလေးလည်းဖြူစင်ပြီး ရိုးသားအေးဆေးကာ သဘောကောင်းဖော်ရွေတတ်သူဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။မကြာသေးခင်ရက်မှာ မအေးသောင်းက အနုပညာမောင်နှမတွေနဲ့အတူ မော်ဒိုက်ကမ်းခြေကို အပန်းခြေခရီးထွက်ခဲ့ပြီး ကမ်းခြေအလှနဲ့အပြိုင် အလွင့်ဒီဇိုင်းနဲ့လန်းခဲ့ပါတယ်နော်။အခုဆိုရင်တော့ မန္တလေးကုသိုလ်တော်ဘုရားမှာ မြန်မာဆန်ဆန်လေးနဲ့ကျက်သရေရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl
Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl

Source:Aye Wutyi Thaung's Facebook/Photo Credit: Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။