ယနေ့ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ မြန်မာလက်ရွေးစင်အသင်းဟာဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းနဲ့ ဘောလုံအဆင့်အတန်းလွန်စွာ ကွားခြားနေတာမို့ မြန်မာပရိသတ်တွေအနေနဲ့ ဂိုးမပြတ်ဘဲ ရှုံးနိမ့်ရင်တောင် ပျော်ရွှင်ကြမှာဖြစ်ပါတယ်။

မည်သို့ပင် ရလဒ်ထွက်စေကာမူ အရှုံးတွေနဲ့ နေသားကျနေတာမို့ အများကြီးမမျှော်လင့်ပေမယ့် မသိစိတ်ထဲမှာတော့ အနိုင်ရရင် ကောင်းမှာပဲလို့ မြန်မာပရိသတ်တွေအနေနဲ့ တွေးတောနေကြမှာ သေချာပါတယ်။ ဂျပန်အနေနဲ့ အာရှအဆင့်ဘယ်လောက်ပဲရှိပါစေ မြန်မာအသင်းကို အားပေးတဲ့ပရိသတ်တွေရဲ့စိတ်ကတော့ ဆံခြည်တစ်မျှင်တောင်လျော့မသွားခဲ့ပါဘူး။

အနိုင်အရှုံးဆိုတာထက် အသင်းကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ မြန်မာပရိသတ်တွေကတော့ ဂျပန်နဲ့ ပွဲကို အားပေးဖို့ စိတ်လှုပ်ရှားပြီး ရင်ခုန်နေကြပါတယ်။ ကွင်းအတွင်းလာအားမပေးနိုင်တဲ့ ပရိသတ်တွေကတော့ TV CHANNELတွေကနေကြည့်ရူဖို့ ရင်ခုန်နေကြတာမို့ မြန်မာအသင်းအနေနဲ့ ပရိသတ်တွေ လိုချင်တဲ့ အနိုင်ရလဒ်ရယူနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

source: MFF ' s facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။