ပြီးခဲ့တဲ့နှစ်က အကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်မယ်လေးတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ အုပ်သာကျော်၊ မင်းသန့်ကိုကို၊ ဘုန်းမင်းနေလ၊ ထက်လင်းအောင်၊ သီဟအောင်၊ ဆောင်းယွန်းစံ၊ မေတိုးခိုင်၊ သဇင်ထူးမြင့်စတဲ့ အနုပညာရှင်မျိုးဆက်လေးတွေကတော့ အခုဆိုရင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားပြီးပြီ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲပြီးကတည်းက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာရတဲ့ ရွှေကြိုအဖွဲ့လေးက အောင်မြင်မှုတွေ တဖြည်းဖြည်းရရှိနေတာ ဖြစ်ပါတယ်။

Photo Credit - Saung Yoon San's Facebook
Photo Credit- Saung Yoon San's Facebook
Photo Credit - Saung Yoon San's Facebook

တက်သစ်စအနုပညာရှင်လေးတွေဖြစ်ကြတဲ့ သူတို့ရွှေကြိုအဖွဲ့လေးက မောင်နှမတွေလိုခင်မင်ကြသလို တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်ရင်း ပျော်ရွှင်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆောင်းယွန်းစံတို့ရွှေကြိုသူငယ်ချင်းတစ်စုက ပွဲအခမ်းအနားလေးတွေကို ဆက်တိုက်ဆိုသလို အတူတူတက်ရောက်နေရပါတယ်။ အခုလည်း ဆောင်းယွန်းစံက ရွှေကြိုသူငယ်ချင်းတွေနဲ့ "Not Copyrighted Fashion show" ပွဲလေးကို တက်ရောက်ခဲ့တဲ့ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit - Saung Yoon San's Facebook
Photo Credit - Saung Yoon San's Facebook
Photo Credit - Saung Yoon San's Facebook

ဒီပွဲလေးမှာတော့ ဆောင်းယွန်းစံနဲ့အတူ ရွှေကြိုသူငယ်ချင်းတွေဖြစ်ကြတဲ့ အုပ်သာကျော်၊ မင်းသန့်ကိုကို၊ ထက်လင်းအောင်၊ ဘုန်းမင်းနေလ၊ သူဇင်ထူးမြင့်တို့က အတူတကွ တက်ရောက်လာကြတာ ဖြစ်ပါတယ်။ လူစုံတက်စုံနဲ့ ချစ်ချစ်ခင်ခင်ပွဲတက်လာတဲ့ ရွှေကြိုအဖွဲ့လေးကတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အတူတူပွဲတက်လာတဲ့ ရွှေကြိုအဖွဲ့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Saung Yoon San's FB

Photo Credit - Saung Yoon San's Facebook
Photo Credit - Saung Yoon San's Facebook
Photo Credit - Saung Yoon San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။