ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီး အိန္ဒြာကျော်ဇင်ဟာဆိုရင် အနုပညာမှော်ရှိတဲ့သူတစ်ယောက်ဖြစ်လို့ ဟိုးအရင်ကတည်းက ပရိသတ်တွေကအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး အိန္ဒြာကျော်ဇင်က တူမလေးမေတိုးခိုင်ကို အနုပညာလမ်းပေါ်ကိုလက်တွဲခေါ်ဆောင်ပေးပါတယ်နော်။

Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook

မေတိုးခိုင်က အိန္ဒြာကျော်ဇင်ရဲ့တူမလေးဖြစ်ပေမယ့် တီတီအူဝဲနဲ့ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေကတော့ အူဝဲအငယ်စားလေးလို့ တင်စားကြပါတယ်။မေတိုးခိုင်ကလည်း သူမတူတဲ့အလှလေးကိုပိုင်ဆိုင်ထားပြီး ပွင့်လင်းရိုးသားတဲ့ဖြူဖြူစင်စင်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ မေတိုးခိုင်ကိုလည်း အားပေးချစ်ခင်ကြပါတယ်။

Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook

မေတိုးခိုင်ရဲ့ပထမဦးဆုံးပါဝင်ထားတဲ့"ရူးအောင်ချစ်မယ့်လူ"ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အူဝဲ နေတိုးတို့နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ မေတိုးခိုင်က"မနေ့က "ရူးအောင်ချစ်မယ့်လူ" family show လေး.. ဖူးရဲ့ အနီးဆုံးဆုံးလူများနဲ့ တူတူကြည့်ခဲ့ရတဲ့ feeling ကတော့မမေ့နိုင်တော့မယ့် feeling တစ်ခုပါပဲ... အရမ်းပျော်ခဲ့ရတယ်.. အချိန်မအားတဲ့ ကြားကလာပေးလို့ ကျေးဇူးတင်ပါတယ်"ဆိုပြီး Family Show ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook
Photo Credit:May Toe Khaing'sfacebook

Photo Credit:May Toe Khaing'sfacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။