သွက်လက်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ရုံသာမကပဲ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေချစ်နေရတာကတော့ မင်းသမီးလေး နေခြည်ဦးပါ။ သူမဟာ Beauty Blogger လောကမှတစ်ဆင့် အနုပညာလောကထဲကိုရောက်ရှိလာသူတစ်ယောက်ပါ။ အနုပညာလောကမှာ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရရှိလာသူတစ်ယောက်ပါ။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာပါ။ သူမရဲ့လတ်တလောလှုပ်ရှားမှုတွေနဲ့ ခံစားချက်အချို့ကိုလည်း ချီချီရဲ့လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။ အခုမှာလည်း သူမရဲ့ခံစားချက်တစ်ချို့ကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။ 

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Amazing Grace Photography

ဒါကတော့ " ပိုက်ဆံရမှ ကြော်ငြာရအောင်

ပိုက်ဆံလိုနေတာလဲ မဟုတ်

ပိုက်ဆံပေးတိုင်း ကြော်ငြာပေးရအောင်လဲ

Billboardလဲ မဟုတ်

Personal branding ကို ကြိုးကြိုးစားစားလုပ်နေတဲ့

လူငယ်လေးတစ်ယောက်ပါကွာ

အရာရာကို ငွေနဲ့ တန်ဖိုးမဖြတ်စေချင်ဘူး

#naychioo #dramaticlifestyle " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ခံစားချက်တွေကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source- Nay Chi Oo’s Facebook Account 

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Li Jhon Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။