မွေးကင်းစအရွယ်ကတည်းက မိသားစုတွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ Liam လေးကတော့ ချစ်စရာကောင်းလွန်းတဲ့ အိုင်တင်မျိုးစုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်နေတာပါ ။ ချစ်စရာကောင်းတဲ့ Liam လေးကတော့ အသက်တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ 

Photo Credit- May Thu's Facebook Account
Photo Credit - Yunnandylm's Instagram Account

သားလေး လွင်ထက်ကိုတော့ ဖိုးဖိုးနဲ့ဖွားဖွားက အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတာပါ ။ သာလေးဟာ အနေအေးပြီး လူချစ်လူခင်ပေါလွန်းသူတစ်ယောက်ပါ။ သားလေးရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း အားလုံးကို အသည်းယားစေပြီး အချစ်တွေပိုပို တိုးစေတာပါ။

Photo Credit - Yunnandylm's Instagram Account
Photo Credit - Yunnandylm's Instagram Stories

အခုတစ်ခေါက်မှာလည်း တီတီယွန်းနဒီလွင်မိုးက liam လေးရဲ့ဗီဒီယိုကို Instagram ကွန်ယက်လေးမှာဝေမျှထားတာပါ။ ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်တိုင်းvideoတိုင်းကိုကြည့်ပြီးချစ်မဝတွေဖြစ်နေရတာပါ။ သားလေးဟာ စကားလေးတွေလည်း မပီကလာအသံလေးနဲ့ပြောတတ်နေတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Yunnandylm's Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။