မနေ့ညကတော့ မြန်မာလက်ရွေးစင်အသင်းဟာဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားကြပြီး ဂျပန်အသင်းက အိမ်ရှင်မြန်မာအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂျပန်ပရိသတ်တွေရဲ့ လေးစားချီကျူးစရာကောင်းတဲ့ စိတ်ဓာတ်ဟာ မြန်မာပရိသတ်တွေကြားအတော်လေးကိုရေပန်းစားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ မနေ့ညကပွဲမှာ ဂျပန်ပရိသတ်တွေဟာ ဂျပန်နိုင်ငံအားဘောလုံအားကစားနည်းကို သင်ပြပေးတဲ့ ဦးကျော်ဒင်နဲ့ သူရဲ့မိခင်မြန်မာနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်လာခဲ့ပါတယ်။ အဆိုပါပုံရိပ်လေးဟာ မြန်မာပရိသတ်တွေ ပျော်ရွှင်စေခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ဂျပန်အသင်းပရိသတ်တွေကတော့ ကမ္ဘာဖလားပွဲစဉ်တွေ ယှဉ်ပြိုင်တုန်းကလဲ ကွင်းအတွင်းအမှိုက်တွေကိုလဲ ကောက်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ လေးစားချီးကျူးမှုကို ရရှိခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: MFF ' s facebook  

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။