ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပန်ပန်ကတော့ ချစ်ရတဲ့ ခင်ပွန်း၊သားလေးနဲ့အတူ ပျော်ရွှင်သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ သူမဟာ အနုပညာအလုပ်တွေကိုသာမကပဲ သားလေးရဲ့ဝေယျာဝစ္စအလုပ်တွေကိုလည်း လစ်ဟာမှုမရှိအောင်လုပ်ကိုင်တဲ့ မိခင်ကောင်းတစ်ယောက်ပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားများကိုလည်း တက်ရောက်နေတာပါ။  

Photo Credit - Su Pan Htwar's Facebook Account
Photo Credit - Su Pan Htwar's Facebook Account

သားလေးဟာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာပါ။ သားလေးရဲ့ ဗီဒီယိုလေးတွေကိုလည်း ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်လေ့ရှိပြီး ပရိသတ်တွေက အမြဲတမ်းစောင့်ကြည့်အားပေးနေတာပါ။ အခုမှာလည်း Roar Roar လေးရဲ့ Video လေး တစ်ခုကို တင်ထားတာပါ။  

Photo Credit - Su Pan Htwar's Facebook Account
Photo Credit - Su Pan Htwar's Facebook Account

သားလေးဟာ ကျောင်းကသင်ပေးလိုက်တဲ့ ကဗျာလေးတွေကို မေမေ့ကိုပြန်ဆိုပြနေတာပါ။ "8.9.2019 ကျောင်းပိတ်တဲ့နေ့ကအိမ်မှာ မာမားနားကပ်ရင်းသီချင်းတအေးအေးနဲ့သူက

"ကိုယင်ကောင် ကိုယင်ကောင်

သိပ်ရွံဖို့ကောင်း

မစင်လည်းစား ဟင်းလည်းစား

ဟိုနဲ့ဒီကူးလာ

သူ့ခြေထောက်လေးဆေးနေတာ

တို့ထမင်းပွဲပေါ်မှာ

ရိုက်ပါကွာ မောင်းပါကွာ

ချမ်းသာမပေးနဲ့ကွာ

တို့ထမင်းပွဲကိုအုပ်ရအောင်

သွားတော့ ကိုယင်ကောင်"

" ဆိုပြီး ရေးသားဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Su Pan Htwar's  Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။