screen shot of Dota2.com

The International 2019 Dota 2 Championship ပြိုင်ပွဲကြီးအပြီးမှာတော့ လာမယ့် DPC season သစ်မှာ DPC points စုကြမယ့်အသင်းတွေအတွက် ပွဲစဉ်ဇယားတွေဟာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ယခုလာမယ့် 2019-2020 အတွင်းမှာ DPC ပွိုင့်စုကြမယ့်အသင်းတွေအနေနဲ့ဆိုရင်လည်း ပထမဆုံး Minor ပွဲစဉ်ကို လာမယ့် 11 လပိုင်း 7 ရက်နေ့ကနေ 10 ရက်နေ့ထိ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး Price pool ကတော့$ 300,000 ပဲဖြစ်ပါတယ်။

စုစုပေါင်းအနေနဲ့ဆိုရင် Major 5 ခုနဲ့ Minor 5 ခု ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ပထမဆုံးစမယ့် minor ပွဲစဉ်အတွက် လာမယ့် စက်တင်ဘာလ 28 ရက်နေ့မှာ နောက်ဆုံးထားပြီး Register လုပ်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ယခု လာမယ့် DPC season အပြီးမှာတော့ ပွိုင့်အများဆုံးရရှိတဲ့ အသင်း 12 သင်းကတော့ TI 10 မှာ direct Invites ရရှိမှာပဲဖြစ်ပါတယ်။

အောက်မှာဖော်ပြပေးထားတဲ့ link ထဲဝင်ပြီးတော့လဲ Dota pro Circuit ရဲ့ Schedule တွေကိုကြည့်ရှုနိုင်ပါတယ်။

Orginal Link > http://www.dota2.com/procircuit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။