ဝေဠုကျော် ကတော့ တစ်ချိန်က အနပညာလောကမှာ အောင်မြင်ခဲ့သူဖြစ်ပြီး အချိန်အတော်ကြာ အနုပညာလောကမှာ နေရာယူထားနိုင်သူပဲ ဖြစ်ပါတယ်။ ဝေဠုကျော် ကတော့ သူပါဝင်တဲ့ ဇာတ်ကားတိုင်းမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သူပဲ ဖြစ်ပြီး ယခုမှာတော့ အနပညာလှုပ်ရှားမှုတွေ နည်းပါးနေသူပဲ ဖြစ်ပါတယ်။

photo credit : Wai Lu Kyaw Foundation 's facebook
photo credit : Wai Lu Kyaw Foundation 's facebook

ဝေဠုကျော် ကတော့ ယခုမှာ ပရဟိတအလုပ်တွေကိုလဲ အားသွန်ခွန်စိုက်လုပ်ကိုင်နေသူပဲ ဖြစ်ပြီး အကူညီလိုအပ်နေတဲ့ ဒေသတွေမှာ သွားရောက်ကူညီပေးနေပါတယ်။ ယခုမှာတော့ ဝေဠုကျော်တစ်ယောက် နေမကောင်းဖြစ်နေပြီး ခွဲစိတ်ဖို့တော့ မလိုအပ်သေးဘဲ အစာအိမ်ကတော့ နီပြီး ရောင်နေတဲ့အတွက် အချိန်ယူပြီး ဆေးကုသရမယ့်အကြောင်း ပြောထားခဲ့ပါတယ်။

photo credit : Wai Lu Kyaw Foundation 's facebook
photo credit : Wai Lu Kyaw Foundation 's facebook

ဝေဠုကျော် ကတော့ " အစာအိမ် မှန်ပြောင်း ကြည့်ပြီးပါပြီ ခင်ဗျာခွဲစိတ်ရန် မလိုသေးပါ၊ အဖု အကြိတ် အလုံး အသားပို အနာ ဒါဏ်ရာ မရှိ၊ ကင်ဆာ ဖြစ်နိုင်ခြေ မတွေ့ရ၊ အစာအိမ်တော့ နီပြီး ရောင်နေတဲ့အတွက် အချိန်ယူ ကုရမယ်၊ ရိုးရိုးရောင်တာလား ဗိုင်းရပ်ကြောင့်လားဆိုတာ အသားစ ယူပြီး စစ်နေပါတယ် .စိတ်ပူပေးကြသူများ နဲ့ သတင်းမေးကြသူများ အားလုးံအား ကျေးဇူးအထူးပါ.... " ဆိုပြီး ပြောထားခဲ့ပါတယ်။

source: Wai Lu Kyaw Foundation 's facebook

photo credit : Wai Lu Kyaw Foundation 's facebook
photo credit : Wai Lu Kyaw Foundation 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။