ဗီတာမင်ဖြည့်စွက်ဆေးတွေ သောက်တဲ့အခါမှာ ဗီတာမင်အယူအဆအမှားများရှိနိုင်တာမလို့ "Balanced Diet" လို့ခေါ်တဲ့ အာဟာရ မျှတစွာပါဝင်တဲ့ အစားစာမျိုးကို နေ့စဉ်စားသုံးဖြစ်ဖို့ ပြင်ဆင်သင့်ပါတယ်...။ "Balanced Diet" ဆိုတာ ကျွန်ုပ်တို့ ခန္ဓာကိုယ် ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးဖို့နှင့် သက်ဆိုင်ရာ အစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်တာဖြစ်ပါတယ်...။ ဆေးတွေလို များသွားတာ၊ နည်းသွားတာ မရှိပါဘူး...။ side effects တွေမရှိပါဘူး...။ ကျန်းမာကြံ့ခိုင်တဲ့အပြင် ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ် အချိုးအစားမျိုးလိုချင်တယ်ဆိုရင် ဒီ "Balanced Diet" က ၇၀ ရာခိုင်နှုန်းအထိအရေးပါပြီး Gym ကစားတာကတော့ ၃၀ ရာခိုင်နှုန်းအထိပဲ အရေးပါတာဖြစ်ပါတယ်...။ ဒါကြောင့် အာဟာရပြည့်ဝမျှတတဲ့ Diet တစ်ခုစားဖြစ်ဖို့အတွက် သိရမှာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်...။
အစာအုပ်စုအားလုံးကိုတော့ ပါဝင်အောင်စားဖို့ လိုအပ်တာဖြစ်ပါတယ်...။ မျှတအောင်စားတယ်ဆိုတာမှန်ပေမယ့် ဘယ်လောက်ပမာဏက ကိုယ့်အတွက်မျှတတယ်ခေါ်တာလဲ...။ ကိုယ်နေ့စဉ်စားနေတဲ့ ကယ်လိုရီပမာဏက ကိုယ့်အတွက် များနေလား၊ နည်းနေလား သိဖို့လိုအပ်ပါတယ်...။ ဒါမှလည်း ကိုယ်စားမယ့် diet ကို ကယ်လိုရီအတိုးအလျော့ ပြုပြင်လို့ရမှာဖြစ်ပါတယ်...။ ကယ်လိုရီ အတိအကျတွက်ပြီးစားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်...။ အရမ်းတိတိကျကျစားတဲ့သူတွေကတော့ diet ပုံစံပန်းကန်လေးတွေနဲ့ စားလေ့ရှိတာဖြစ်ပါတယ်...။ အသား၊ ကာဗိုဟိုက်ဒရိတ်၊ အသီးအရွက် အကန့်လေးတွေနဲ့ဖြစ်ပါတယ်...။ ကိုယ်က ကာဗိုဟိုက်ဒရိတ်အစားများတဲ့ သူဆိုရင် ကာဗိုကိုလျော့စားပြီး အသီးအရွက်၊ အသား ပိုစားပေးရမယ် ဆိုတာမျိုးကိုနားလည်ရမှာဖြစ်ပါတယ်...။
မနက်စာကို မစားဘဲမနေဘဲ အာဟာရပြည့်အောင်စားပေးရမှာဖြစ်ပါတယ်...။ တစ်နေ့ကို အနည်းဆုံး သုံးနပ်ပြည့်အောင်တော့ စားပေးရမှာဖြစ်ပါတယ်...။ "Nutrition" နဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ဖတ်မှတ်ပြီး အစားစာကိုရွေးခြယ်စားသောက်ရမှာဖြစ်ပါတယ်...။ အချို၊ အငံတွေ၊ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေ နည်းနိုင်သမျှနည်းတဲ့ အစားစာမျိုးကို ရွှေးချယ်စားသုံးရမှာပါ...။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ စားသုံးရမှာပါ...။ နေ့စဉ်စားတဲ့အထဲမှာ အဝါ၊ အစိမ်း၊ အနီ၊ အဖြူ၊ အပြာ အရောင်စုံတဲ့ အသီးအရွက်တွေကိုပါဝင်အောင် စားသုံးရမှာဖြစ်ပါတယ်...။ ဒီလိုသာ နေ့စဉ်စားသောက်မယ်ဆိုရင် ဗီတာမင်ဖြည့်စွက်ဆေးတွေ သောက်စရာမလိုဘဲ လိုအပ်တဲ့ အာဟာရသတ္တုဓာတ်တွကို လုံလောက်မျှတစွာရရှိပြီး ဘေးအန္တရာယ် ကင်းရှင်းပါလိမ့်မယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဗီတာမင်အယူအဆမှားများ" ကျန်းမာရေးဆောင်းပါးမှ ဗီတာမင်ဖြည့်စွက်ဆေးတွေ မသောက်သုံးဘဲ အန္တရာယ်ကင်းရှင်းတဲ့ "Balanced Diet" လုပ်ပုံ၊ လုပ်နည်းလေးကို အကြောင်းအရာပြည့်စုံစွာ ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။