ချန်ပီယံဆုနဲ့ တန်းဆင်းဇုန် အဆုံးအဖြတ်အတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးက္ကန့် အချိန်အထိ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်(၂၂) ပွဲစဉ်တွေကို စက်တင်ဘာ ၁၅ ရက်မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသွားမှာလည်း ဖြစ်ပါတယ်။ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ ရှမ်းယူနိုက်တက် ဧရာဝတီယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

လက်ရှိအချိန်မှာတော့ ချန်ပီယံဆုအတွက် ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ထဲက ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတာ နောက်ဆုံးအချိန်အထိ စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။ တန်းမဆင်းရရေးအတွက် နောက်ဆုံးပွဲစဉ်အချိန်အထိ တိုက်ပွဲဝင်သွားရမယ့် ချင်းလန်းအက်ဖ်စ်၊ ဒဂုံအက်ဖ်စီနဲ့ ဆောက်သမ်းမြန်မာအသင်းတို့ ပွဲစဉ်တွေကလည်း ပရိသတ်တွေအကြိုက် ပွဲစဉ်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။

photo credit : Yangon United Football Club's facebook
photo credit : Myanmar National League 's facebook
photo credit : Shan United FC 's facebook

မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်တွေအပြီး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် ရာသီပိတ်ပွဲစဉ်တွေမှာတော့ ဆောက်သမ်းမြန်မာ-ဒဂုံအက်ဖ်စီ၊ ရတနာပုံအက်ဖ်စီ-ချင်းလန်းအက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်-မကွေးအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်-စစ်ကိုင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်-ရခိုင်ယူနိုက်တက်အသင်းတို့ တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Yangon United Football Club's facebook
photo credit : Shan United FC 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။